အာမေးနီးယား နှင့် ဘော့စနီးယား ( တနင်္ဂနွေည ရး၃၀ နာရီ )
(၂)သင်းစလုံး မာကျောကြပြီး ခြေစွမ်းပိုင်းမှာ ဘော့စနီးယား နည်းနည်းလေးသာတယ်။ အိမ်ရှင် အာမေးနီးယား အမှတ်ယူနိုင်ပါလိမ့်မယ်။
ဆွစ်ဇာလန် နှင့် ဂျီဘရော်လ်တာ ( တနင်္ဂနွေည ၁ဝး၃၀ နာရီ )
ဆွစ်ဇာလန်က ခြေစွမ်းတည်ငြိမ်ပြီး စိတ်ချရတဲ့အသင်းမျိုးပါ။ အိမ်ကွင်းမှာ အနိုင်ရဖို့ သေချာတဲ့ပွဲဖြစ်ပြီး ဂိုးပြတ်သွင်းနိုင်လိမ့်မယ်။
ဂျော်ဂျီယာ နှင့် ဒိန်းမတ် ( တနင်္ဂနွေည ၁ဝး၃၀ နာရီ )
ဂျော်ဂျီယာက အိမ်ကွင်းမှာ ဆွစ်ဇာလန်ကိုရှုံးပြီး ဂျီဘရော်လ်တာကို အနိုင်ရထားတယ်။ ဒိန်းမတ်နဲ့ ခြေကွာပါတယ်။ ဒိန်းမတ်ပဲ အနိုင်ရလိမ့်မယ်။
စပိန် နှင့် ဖာရိုးကျွန်းစုများ ( တနင်္လာနံနက် ၁း၁၅ နာရီ )
စပိန်အတွက် အခက်အခဲလုံးဝမရှိတဲ့ပြိုင်ဘက်ဖြစ်တယ်။ ပထမအကျော့တုန်းက အဝေးကွင်းမှာ (၁-၄)နဲ့ နိုင်ထားပြီး တစ်ဂိုးပေးခဲ့ရတာတောင် စပိန်အတွက် အထင်သေးစရာဖြစ်လောက်အောင် ခြေအဆင့်အတန်းကွာပါတယ်။ ဒီပွဲက စပိန်အသင်းရဲ့ ကွင်းမှာကစားကြမှာဖြစ်ပြီး စပိန်ကစားသမားတွေ ဂိုးသွင်းလေ့ကျင့်ကြလိမ့်မယ်။ လူစုံရွေးချယ်ထားတာလည်း တွေ့ရတယ်။ စပိန် (၅)ဂိုးလောက်ရမှာပါ။
ဆွီဒင် နှင့် နော်ဝေ ( တနင်္လာနံနက် ၁း၁၅ နာရီ )
စကင်ဒီနေးဗီးယန်းဒါဘီပွဲဖြစ်ပြီး ခြေစွမ်းရော လူအင်အားရော သိပ်မကွာဘူး။ ဆွီဒင်က နည်းနည်းသာပြီး အိမ်ကွင်းလည်းဖြစ်လို့ အသာလေးနိုင်ပါလိမ့်မယ်။
ဖင်လန် နှင့် အီတလီ ( တနင်္လာနံနက် ၁း၁၅ နာရီ )
အီတလီအတွက်တော့ အနီးကပ်ဆုံးပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်ရတာဖြစ်တယ်။ အီတလီက ပထမအကျော့မှာ (၂-၀)နဲ့ နိုင်ခဲ့တဲ့ပွဲအပါအဝင် (၄)ပွဲကစား (၁၂)မှတ်ရထားပြီး၊ အီတလီတစ်သင်းတည်းကို ရှုံးထားတဲ့ဖင်လန်က (၉)မှတ်ယူထားတယ်။ ပွတ်ကီဦးဆောင်မယ့်တိုက်စစ်ကို စောင့်ကြည့်ရမှာဖြစ်ပေမယ့် ပုံစံကောင်းပြနေတဲ့ အီတလီကို နိုင်ဖို့တော့ မလွယ်ပါဘူး။ အီတလီ ကပ်နိုင်ဖို့များတယ်။