ဂျပန်လက်ရွေးစင်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအကျော့ကစားရမည့်ပွဲမတိုင်မီ သုဝဏ္ဏကွင်းအား အဆင့်မြှင့်တင်မှုများ စတင်ပြုလုပ်

ဂျပန်လက်ရွေးစင်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအကျော့ကစားရမည့်ပွဲမတိုင်မီ သုဝဏ္ဏကွင်းအား အဆင့်မြှင့်တင်မှုများ စတင်ပြုလုပ်
Photos: DB Stadium & Ceres FC
Photos: DB Stadium & Ceres FC
Published 3 September 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန် လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအကျော့ပွဲမတိုင်မီ သုဝဏ္ဏကွင်းအား အဆင့်မြှင့်တင်မှု များ စတင်ပြုလုပ်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့သည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့အဖြစ် စက်တင်ဘာ (၁၀) ရက် ညနေ (၆:၅၀) နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ 

သို့ဖြစ်ရာ ကွင်းအဆင့်မြှင့်တင်မှုနှင့်ပတ်သက်၍ MFF တာဝန်ရှိသူတစ်ဦးက "အခြေခံအဆောက်အအုံတွေပြင်ဆင်ဖို့ FIFA ကနေ ချထားပေးတဲ့ ဘတ်ဂျက်ရှိပါတယ်။ အဲဒီဘတ်ဂျက်ထဲကနေ သုဝဏ္ဏကွင်းရဲ့ လိုအပ်တဲ့နေရာတွေကို အဆင့်မြှင့်တင်မှုတွေ စလုပ်နေပါပြီ။ အဓိကကတော့ ကိုယ်ကာယလေ့ကျင့်ရေးခန်းမ၊ သန့်စင်ခန်းနဲ့ သတင်းစာရှင်းလင်းပွဲခန်းမတွေကို အဓိကထား အဆင့်မြှင့်တင်မှုတွေ လုပ်သွားမှာပါ။ ဂျပန်လက်ရွေးစင်အသင်းနဲ့ ကစားရမယ့် စက်တင်ဘာ (၁၀) ရက်နေ့မတိုင်မီ အပြီးပြင်ဆင်ဆောင်ရွက်မှာပါ"ဟု ပြောကြားသည်။ 

ယင်းပွဲမှာ မြန်မာအသင်းအတွက် အုပ်စုဒုတိယပွဲဖြစ်ပြီး ဂျပန်အသင်းအတွက်မူ အုပ်စုပထမပွဲဖြစ်ကြောင်း သိရသည်။