၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲဒုတိယအဆင့် အုပ်စုအဖွင့်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်း မွန်ဂိုလီးယားနိုင်ငံသို့ထွက်ခွာ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲဒုတိယအဆင့် အုပ်စုအဖွင့်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်း မွန်ဂိုလီးယားနိုင်ငံသို့ထွက်ခွာ
Photos: MFF
Photos: MFF
Published 1 September 2019

မြန်မာ့လက်ရွေးစင်အသင်းသည် မွန်ဂိုလီးယားနိုင်ငံ၌ လေးရက်ကြာလေ့ကျင့်မှုပြုလုပ်ရန် ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်ရှစ်ဦး၊ ကစားသမား ၂၃ ဦး လိုက်ပါသွားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရန် တရုတ်နိုင်ငံမှ မွန်ဂိုလီးယားနိုင်ငံသို့ မနေ့ကထွက်ခွာသွားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် သြဂုတ် ၃၀ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားပြီးနောက် မွန်ဂိုလီးယားနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မွန်ဂိုလီးယားနိုင်ငံ၌ လေးရက်ကြာလေ့ကျင့်မှုပြုလုပ်ရန် ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်ရှစ်ဦး၊ ကစားသမား ၂၃ ဦး လိုက်ပါသွားသည်။

မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲကို စက်တင်ဘာ ၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် စက်တင်ဘာတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဖွင့်ပွဲအဖြစ် မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။

မြန်မာအသင်းသည် စက်တင်ဘာတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် သြဂုတ် ၁၉ ရက်မှစ၍ ပဏာမကစားသမား ၃၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ (၁-၄) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent