ပြီးခဲ့သည့်နှစ်က အင်္ဂလန်နှစ်သင်းဗိုလ်လုပွဲတက်ခဲ့သည့်တိုင် ယခုနှစ် ချန်ပီယံလိဂ်တွင် အင်္ဂလိပ်အသင်းများ လွှမ်းမိုးရန်မလွယ်ကူဟု ကလော့ပ် သုံးသပ်

ပြီးခဲ့သည့်နှစ်က အင်္ဂလန်နှစ်သင်းဗိုလ်လုပွဲတက်ခဲ့သည့်တိုင် ယခုနှစ် ချန်ပီယံလိဂ်တွင် အင်္ဂလိပ်အသင်းများ လွှမ်းမိုးရန်မလွယ်ကူဟု ကလော့ပ် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 30 August 2019

လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်သို့ အင်္ဂလန်ကလပ်အသင်းနှစ်သင်း တက်ရောက်နိုင်ခဲ့ပြီး မိမိတို့အသင်း ဗိုလ်စွဲခဲ့သည့်တိုင် ယခုနှစ်ချန်ပီယံလိဂ်တွင်   အင်္ဂလန်အသင်းများ လွှမ်းမိုးရန်မလွယ်ကူကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့်ရာသီက အင်္ဂလန်ကလပ်အသင်းများ၏ အောင်မြင်မှုအပေါ် မူတည်ကာ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်ကလပ်အသင်းများ၏ အလားအလာကို ဥရောပမီဒီယာများက ချီးကျူးလျက်ရှိသလို၊ အခြားလိဂ်ပြိုင်ပွဲများမှ ပြိုင်ပွဲဝင်အသင်းများကလည်း ချီးကျူးပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။ 

သို့ရာတွင် ယာဂန်ကလော့ပ်က မူ အင်္ဂလန်အသင်းများက လွှမ်းမိုးမည့်အခြေအနေကို မိမိမမြင်ကြောင်းနှင့် ယခုရာသီလောက် ဥရောပထိပ်တန်းက လပ်အသင်းအများအပြား အင်အားကြီးမားသည့်ရာသီ မရှိခဲ့ဟုလည်း ပြောကြားခဲ့သည်။ 

ကလော့ပ်က "ဒီရာသီ ချန်ပီယံလိဂ်မှာ ဘယ်အသင်း ဗိုလ်စွဲမလဲဆိုတာ ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော်တို့အသင်းလည်း တခြားအသင်းတွေနဲ့ အခွင့်အရေးတူပဲ ရှိပါတယ်။ ဒါ အဖြေပါပဲ။ အင်္ဂလိပ်အသင်းတွေက ချန်ပီယံလိဂ်ကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ ကျွန်တော်မမြင်ပါဘူး။ ဘိုင်ယန်မြူးနစ်ဟာ ပါရီဆစ်နဲ့ ကော်တင်ဟိုတို့လို ကစားသမားတွေနဲ့အတူ ပိုတောင့်တင်းလာပါတယ်။ ဒေါ့မွန်အသင်းကိုကြည့်ပါ။ ကျွန်တော်တို့က သူတို့ထက် ပိုအင်အားကြီးတဲ့အသင်းလို့ ခင်ဗျားတို့ ပြောနိုင်သလား။ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်ရှိတယ်။ PSG  ရှိတယ်။ တခြားအသင်းကြီးတွေလည်း ရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent