ဘဏ္ဍာရေးပြဿနာကို အချိန်မီဖြေရှင်းနိုင်ခြင်းမရှိသဖြင့် League One ကလပ် ဘာရီအသင်းဖျက်သိမ်းခဲ့ရ

ဘဏ္ဍာရေးပြဿနာကို အချိန်မီဖြေရှင်းနိုင်ခြင်းမရှိသဖြင့် League One ကလပ် ဘာရီအသင်းဖျက်သိမ်းခဲ့ရ
Photos: Getty Images
Photos: Getty Images
Published 28 August 2019

အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ (EFL) သည် ဘာရီအသင်းအား ပိုင်ရှင်အသစ်များထံ ရောင်းချခြင်း (သို့မဟုတ်) ယခုရာသီကုန်ဆုံးချိန်အထိ လည်ပတ်နိုင်မည့် ဘဏ္ဍာရေးအခြေအနေရှိကြောင်း သက်သေပြခြင်း ပြုလုပ်ရန်အတွက် အကြိမ်ကြိမ်သက်တမ်းတိုးပေးခဲ့သော်လည်း ဖြေရှင်းနိုင်ခြင်းမရှိသဖြင့် ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။ 

အင်္ဂလန်တတိယတန်း League One ကလပ် ဘာရီအသင်းသည် ဘဏ္ဍာရေးပြဿနာကို အချိန်မီဖြေရှင်းနိုင်ခြင်းမရှိသဖြင့် သြဂုတ် ၂၇ ရက်တွင် ဖျက်သိမ်းလိုက်ရပြီဖြစ်ကြောင်း သိရသည်။

ဘာရီအသင်းသည် ၂၀၁၈-၂၀၁၉ ရာသီ League Two ပြိုင်ပွဲတွင် ဒုတိယရရှိသဖြင့် League One ပြိုင်ပွဲသို့ တန်းတက်ခွင့်ရခဲ့သော်လည်း ေြွကးမြီပြဿနာများဖြေရှင်းနိုင်ခြင်းမရှိသဖြင့် ရာသီအဖွင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ 

အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ (EFL) သည် ဘာရီအသင်းအား ပိုင်ရှင်အသစ်များထံ ရောင်းချခြင်း (သို့မဟုတ်) ယခုရာသီကုန်ဆုံးချိန်အထိ လည်ပတ်နိုင်မည့် ဘဏ္ဍာရေးအခြေအနေရှိကြောင်း သက်သေပြခြင်း ပြုလုပ်ရန်အတွက် အကြိမ်ကြိမ်သက်တမ်းတိုးပေးခဲ့သော်လည်း ဖြေရှင်းနိုင်ခြင်းမရှိသဖြင့် ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။ 

ဘာရီအသင်းသည် C & N Sporting Risk ကုမ္ပဏီထံရောင်းချရန် သဘောတူ ညီမှုရရှိခဲ့သော်လည်း ပျက်ပြယ်သွားသဖြင့် EFL က သြဂုတ် ၂၇ ရက် ဗြိတိန်စံတော်ချိန် ည ၁၁ နာရီ (မြန်မာစံတော်ချိန် သြဂုတ် ၂၈ ရက် နံနက် ၄ နာရီခွဲ) တွင် အသင်းဖျက်သိမ်းရန် ဆုံးဖြတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

၁၈၈၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် ဘာရီအသင်းသည် သက်တမ်း ၁၃၄ နှစ်ရှိပြီဖြစ်ပြီး FA ဖလားချန်ပီယံ ဆုနှစ်ကြိမ် (၁၉၀၀၊ ၁၉၀၃)ရရှိဖူးသလို ပထမတန်း (ယခုပရီးမီးယားလိဂ်) ပြိုင်ပွဲတွင်လည်း အမြင့်ဆုံး အဆင့် (၄) နေရာ ရပ်တည်နိုင်ခဲ့ဖူးသည်။ 

ဘာရီအသင်းသည် ၁၉၉၂ ခုနှစ်နောက်ပိုင်း EFL မှ ပထမဆုံးအကြိမ် ထုတ်ပယ်ခံရသည့်အသင်းဖြစ်လာပြီး League One ပြိုင်ပွဲ၌ ၂၃ သင်းသာကျန်ရှိတော့သဖြင့် ရာသီကုန်တွင် လေးသင်းအစား သုံးသင်းသာ တန်း ဆင်းရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent