မန်ယူကစားသမားများ ကိုယ်ပိုင် Fantasy League ကစားနေကြပြီး အများစုမှာ ၎င်းတို့၏အသင်းများတွင် မန်စီးတီးကစားသမားများ ထည့်သွင်းထား

မန်ယူကစားသမားများ ကိုယ်ပိုင် Fantasy League ကစားနေကြပြီး အများစုမှာ ၎င်းတို့၏အသင်းများတွင် မန်စီးတီးကစားသမားများ ထည့်သွင်းထား
Photo : Premier League Fantasy, Gettyimages
Photo : Premier League Fantasy, Gettyimages
Published 24 August 2019

မန်ယူအသင်းမှ ကစားသမား (၉)ဦးမှာ ၎င်းတို့၏ ကိုယ်ပိုင် Fantasy League တစ်ခုကို ကစားလျက်ရှိနေပြီး ယင်းလိဂ်အား The MUFC Tiki-Taka Fantasy ဟု အမည်ပေးထားကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ကစားသမား များကို မိမိစိတ်ကြိုက်ရွေးချယ်နေရာချ၍ ကစားရသော ယင်းပရီးမီးယားလိဂ် Fantasy ပြိုင်ပွဲတွင် မန်ယူကစားသမားအများစုမှာ ၎င်းတို့၏ အသင်းများ၌ ပြိုင်ဘက် မန်စီးတီးအသင်းမှ ကစားသမားများကို ရွေးချယ်ထားကြောင်း သိရှိရသည်။

ယင်းမန်ယူကစားသမား(၉)ဦးထဲတွင် နောက်ခံ လူ စမောလင်းမှာ ပွဲစဉ်(၂)ပွဲအပြီး စုစု ပေါင်းရမှတ်(၁၃၈)မှတ်ဖြင့် ဦးဆောင်နေပြီး ၎င်း၏အသင်းတွင် ဇင်ချန်ကို၊ စတာလင်၊ ဒီဘရိုင်းနား အစရှိသည့် မန်စီးတီးကစားသမားများ ပါဝင် ကြောင်း သိရှိရသည်။

မန်ယူကစားသမား(၉)ဦးထဲတွင် မန်စီးတီးကစားသမားများကို မရွေးချယ်သည့်သူမှာ (၂)ဦးသာရှိပြီး ၎င်းတို့ မှာ အငှားထွက်ကစားနေသည့် အရန်ဂိုးသမား ဂျိုယဲလ်ပယ်ရဲရားနှင့်တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ်တို့ ဖြစ်ကြောင်း သိရသည်။

အချို့ကစား သမားများမှာ မန်ယူအသင်းဖော်တိုက်စစ်မှူး မာစီယဲလ်နှင့် ရပ်ရှ်ဖို့ဒ်ကို ၎င်းတို့၏အသင်း၌ ရွေးချယ်ထားပြီး ဒန်နီယဲလ်ဂျိမ်းစ်မှာ သူ၏ Fantasy အသင်းတွင် ကိုယ့်ကိုယ်ကိုယ်ပြန်ရွေးချယ်သည့် တစ်ဦးတည်းသော မန်ယူကစား သမားဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မန်ယူကစားသမားများ၏ Fantasy အသင်း ပွဲထွက်စာရင်း

Chris Smalling: De Gea; Kelly, Van Dijk, Zinchenko, Robertson; Sterling, Martial, De Bruyne, Salah; Adams, King.

Phil Jones: Patricio; Keane, Wan-Bissaka, Robertson, Lascelles; Salah, Sterling, Mane, Neves; Barnes, Kean

Luke Shaw: Pickford; Hanley, Smith, Wan-Bissaka; Sterling, De Bruyne, Fraser, Maddison, Martial; Aguero, King.

Joel Pereira: Leno; Alexander-Arnold, Maitland-Niles, Van Dijk; Richarlison, Martial, Salah, A. Pereira; Rashford, Aubameyang, King.

Harry Maguire: Adrian; Robertson, Keane, Dunk, A. Smith; Salah, Bernardo, Richarlison, Martial; Rashford, Kane.

Ashley Young: Ederson; Azpilicueta, Walker, Van Dijk, Matip; Lanzini, Neves, Moutinho, Townsend; Aubameyang, Aguero.

Lee Grant: Ryan; Chilwell, Wan-Bissaka, Soyuncu; Bernardo, Tielemans, Martial, Mane; Rashford, Kane, Deulofeu.

Andreas Pereira: Pickford; Ake, Laporte, Wan-Bissaka; Martial, Zaha, Bernardo, Maddison; Jesus, Aubameyang, Kean.

Daniel James: Ederson; Ake, Robertson, Maguire, Walker-Peters; Fraser, James, Pulisic, Zaha; Kane, Rashford.

Most Read

Most Recent