လီဗာပူးလ်အသင်း၏ ခံစစ်လျော့ရဲမှုကို အလန်ရှီးယား ဝေဖန်

လီဗာပူးလ်အသင်း၏ ခံစစ်လျော့ရဲမှုကို အလန်ရှီးယား ဝေဖန်
Photos: Getty Images
Photos: Getty Images
Published 18 August 2019

ပြီးခဲ့သည့်ရာသီပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပွဲစဉ်(၃၈)ပွဲစလုံး၌ (၂၂)ဂိုးသာပေးခဲ့ရသော လီဗာပူးလ်အသင်းသည် ယခုရာသီ၌ ရာသီအစ (၂)ပွဲစလုံးဂိုး ပေးထားရသည်။

ဆောက်သမ်တန်အသင်းအား အဝေးကွင်းတွင် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း လီဗာပူးလ်အသင်းနောက်တန်းမှာ စိုးရိမ်စရာကောင်းသည်ဟု ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားက ဝေဖန်ပြောကြား ခဲ့သည်။

အလန်ရှီးယားသည်  BBC ၏ Match of the Day ရုပ်သံအစီအစဉ်၌ ဝေဖန်သုံးသပ်ရာတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် ဆောက်သမ်တန်အသင်းဘက်သို့ ဂိုးတစ်ဂိုးသာပေးခဲ့ရသော် လည်း ဂိုးကန်သွင်းမှု(၁၄)ကြိမ်ခွင့်ပြုခဲ့ရခြင်းအတွက် ရှီးယားက အဓိကထားဝေဖန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပွဲစဉ်(၃၈)ပွဲစလုံး၌ (၂၂)ဂိုးသာပေးခဲ့ရသော လီဗာပူးလ်အသင်းသည် ယခုရာသီ၌ ရာသီအစ (၂)ပွဲစလုံးဂိုး ပေးထားရသည်။

ရှီးယားက Match of the Day  ရုပ်သံအစီအစဉ်၌  " လီဗာပူးလ်နောက်တန်းကအရင်လို စိတ်မချရတော့ပါဘူး။ သူတို့ဟာ ဒီပွဲမှာ ပြိုင်ဘက်အသင်းကို ဂိုးကန်သွင်းခွင့်(၁၄)ကြိမ်တောင် ပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကဆိုရင် ဒီလိုမျိုးကြုံတွေ့ခဲ့တာ တစ်ရာသီလုံးမှာ တစ်ပွဲပဲရှိခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဘက်ကို ပေးခဲ့ရတဲ့ဂိုးကလည်း မမှားသင့်တဲ့အမှားကနေ ပေးခဲ့ရတာပါ" ဟု ဝေဖန်ခဲ့သည်။

Most Read

Most Recent