၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (A) ပထမနေ့ကို ဇူလိုင် (၂၇) ရက်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ စတင်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲပျောက်ဆုံးပြီး စင်ကာပူနှင့် ဂိုးမရှိသရေကျခဲ့ကြောင်း သိရသည်။

အုပ်စု (A) အခြားပွဲများတွင် အင်ဒိုနီးရှားက ဗီယက်နမ်ကို (၂-ဝ) ဂိုး၊ တီမောက ဖိလစ်ပိုင်ကို (၇-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၁၅ အသင်းသည် ထက်အာကာဝင်း၊ ထက်မြတ်လွင်၊ သန်းတိုး အောင်၊ ဟိန်းထက်ဇော်ဝင်း၊ ထူးမြတ်ခန့် စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ခြေစွမ်းအသာရသော်လည်း ဂိုးဖန်တီးမှုအပိုင်းတွင် အားနည်းခဲ့သောကြောင့် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဇူလိုင် (၂၉) ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် အဖွင့်ပွဲတွင် နိုင်ပွဲပျောက်ဆုံးခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။