ထိုင်းဖိတ်ခေါ်ဘိလိယက်ပြိုင်ပွဲ ရှုံးထွက်အဆင့်နှင့် ကွာတားဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် (၁၉) ရက်က ဆက်လက်ကျင်းပရာ မြန်မာကစားသမားများ ရှုံးပွဲကြုံတွေ့ပြီး ဆီမီးဖိုင်နယ်နှင့်လွဲချော်ခဲ့ကြောင်း သိရသည်။
ထိုင်းဖိတ်ခေါ်ဘိလိယက်ပြိုင်ပွဲ ရှုံးထွက်အဆင့်နှင့် ကွာတားဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် (၁၉) ရက်က ဆက်လက်ကျင်းပရာ မြန်မာကစားသမားများ ရှုံးပွဲကြုံတွေ့ပြီး ဆီမီးဖိုင်နယ်နှင့်လွဲချော်ခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် မြန်မာကစားသမား (၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကစားသမားအားလုံး အုပ်စုအဆင့်ကျော်လွန်ကာ ရှုံးထွက်အဆင့် တက်ရောက်နိုင်သော်လည်း (၂၄) ဦး ရှုံးထွက်အဆင့်တွင် (၂) ဦး၊ (၁၆) ဦး ရှုံးထွက်အဆင့်တွင် (၂) ဦးနှင့် ကွာတားဖိုင်နယ်တွင် (၁)ဦး ထွက်ခဲ့ရခြင်းဖြစ်သည်။
မြန်မာကစားသမားများအနက် နေသွေးဦးက ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီး အိန္ဒိယကစားသမား ကိုသရီကို (၃၂၅-၈၂၉) မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
(၁၆) ဦး ရှုံးထွက်အဆင့်တွင် ချစ်ကိုကိုက တစ်နိုင်ငံတည်းကစားဖော် နေသွေးဦး၊ ကျော်နိုင်ဦးက ပီတာဂေးလ်ခရစ် (စင်ကာပူ) တို့ကို အရေးနိမ့်ခဲ့ပြီး (၂၄) ဦး ရှုံးထွက်အဆင့်တွင် မင်းစည်သူထွန်းနှင့် ပေါက်စတို့ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။