နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကောင်းကျိုးဆိုးကျိုး ဖန်တီးနိုင်ခွင့်သည် တိုင်းရင်းသား ပြည်သူများ၏ လက်ဝယ်ရှိခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး အခြားက ချုပ်ကိုင်ထားမည် ဆိုပါက လွတ်လပ်ရေး ဆုံးရှုံးသကဲ့သို့ပင် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကောင်းကျိုးဆိုးကျိုး ဖန်တီးနိုင်ခွင့်သည် တိုင်းရင်းသား ပြည်သူများ၏ လက်ဝယ်ရှိခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး အခြားက ချုပ်ကိုင်ထားမည် ဆိုပါက လွတ်လပ်ရေး ဆုံးရှုံးသကဲ့သို့ပင် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇွန် ၁၅ ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇွန် ၁၅ ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)
Published 16 June 2019
ဆန်းထူးအောင်

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကောင်းကျိုးဆိုးကျိုး ဖန်တီး နိုင်ခွင့်သည် တိုင်းရင်းသားပြည်သူ များ၏ လက်ဝယ်ရှိခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး အခြားက ချုပ်ကိုင်ထားမည်ဆိုပါက လွတ်လပ်ရေး ဆုံးရှုံးသကဲ့သို့ပင် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၁၅ ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် တိုင်းရင်းသားဒေသ အားလုံးကို တစ်ပြေးညီ တိုးတက်စေချင်ကြောင်း၊ တချို့ဒေသများတွင် နယ်မြေဖွံ့ဖြိုး တိုးတက်ရေးအတွက် အကူအညီများပေးရာတွင် အခက်အခဲများရှိကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်ဒေသတွင်မဆို ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အကူအညီပေးရန်၊ အကြံဉာဏ်ပေးရန်၊ ဝိုင်းဝန်းဆောင်ရွက်ပေးရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း၊ တပ်မတော်၏ အဓိက တာဝန်မှာ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကိုသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်၏ လိုအပ်ချက်အရ တပ်မတော် အနေဖြင့်လည်း တည်ဆောက်ရေး လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်သာချောင်ချိရေး လုပ်ငန်းများမှအစ နယ်ပယ်ပေါင်းစုံတွင် ဆောင်ရွက်မှု အတွေ့အကြုံများရှိကြောင်း၊ ပညာရှင်များလည်းရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာလည်း တိုင်းပြည်အတွက် အကျိုးရှိအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် တပ်မတော်သည် နိုင်ငံတစ်ဝန်းမှ တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူများ၏ အစိတ်အပိုင်း တစ်ရပ်၊ နိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည်ဆိုသည့် စိတ်ဓာတ် ထာဝရ ကိန်းအောင်းနေကြောင်း၊ ပအိုဝ်း ဒေသအနေဖြင့် ယခင်က အကြောင်း အမျိုးမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံများသာမက ပြင်ပမှလည်း ဝိုင်းဝန်းကူညီပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသခံများ အနေဖြင့် မိမိတို့ဒေသ အကျိုးစီးပွားအတွက် ဦးဆောင်မှုကဏ္ဍတွင် ရှိနေခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသော ကဏ္ဍအားလုံးတွင် ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို ဖန်တီးနိုင်ခွင့်သည် မိမိတို့ တိုင်းရင်းသား ပြည်သူများ၏ လက်ဝယ်တွင် ရှိခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း၊ မိမိတို့၏ ဖန်တီးနိုင်ခွင့်များကို အခြားမှ ချုပ်ကိုင်ထားမည် ဆိုပါက တစ်နည်းအားဖြင့်  လွတ်လပ်ရေး ဆုံးရှုံးသကဲ့သို့ပင် ဖြစ်ကြောင်း၊ ယင်းမှာ အမျိုးသား နိုင်ငံရေးပင်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် တိုင်းပြည်တိုးတက်ရန်အတွက် ပညာတတ်များပေါများရန် လိုသဖြင့် ပညာရေးကို အားပေးရန် လိုကြောင်း၊ တောင်ကြီးမြို့တွင် ဆေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် အေးသာယာမြို့တွင် နည်းပညာ တက္ကသိုလ်တို့ရှိသဖြင့် ဒေသခံသားသမီးများအား တက်ရောက်စေပြီး ဒေသအတွက် လိုအပ်သော ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် မူလတန်း စတင်တက်ရောက်ခဲ့သည့် ကျောင်းနေ အင်အား၏ ရာခိုင်နှုန်း ၆၀ ခန့်သာ မူလတန်းအဆင့် ပြီးမြောက်အောင်မြင်ကြောင်း၊ ကျန်အင်အားများမှာ ကျောင်းပြင်ပသို့ ရောက်သွားကြောင်း၊  အလယ်တန်း အဆင့်တွင်လည်း အင်အား လျော့နည်းသွားပြီးနောက် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် အင်အား ရာခိုင်နှုန်းသည် မူလကျောင်းနေ အင်အား၏ ရာခိုင်နှုန်း ၂၀ ခန့်သာကျန်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အင်အားသည် ဖြေဆိုသူ၏ ရာခိုင်နှုန်း ၃၀ သာရှိကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အင်အားမှာ မူလတန်းစတင်နေခဲ့သည့် အင်အား၏ ၁၀ ရာခိုင်နှုန်းခန့်ပင် မရှိတော့ကြောင်း၊ ဆယ်စုနှစ်ပေါင်းများစွာ ကြာသောအခါ မိမိတို့နိုင်ငံ၏ အရွယ်ရောက်ပြီးသူ အများစုမှာ မူလတန်းအဆင့်၊ အလယ်တန်း အဆင့်သာ ဖြစ်နေပြီး တက္ကသိုလ်အဆင့် ပညာတတ်အင်အား အရေအတွက် လွန်စွာနည်းပါးသည်ကို ဂရုပြုစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။ 

 

Most Read

Most Recent