တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်နိုင်ငံ ကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့်နည်းပညာဌာန၏ ဒုတိယအကြီးအကဲ တွေ့ဆုံခဲ့ပြီး တပ်မတော် နှစ်ရပ်အကြား စစ်ဘက် နည်းပညာများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်နိုင်ငံ ကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့်နည်းပညာဌာန၏ ဒုတိယအကြီးအကဲ တွေ့ဆုံခဲ့ပြီး တပ်မတော် နှစ်ရပ်အကြား စစ်ဘက် နည်းပညာများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ဆွေးနွေး
Published 6 June 2019

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့် နည်းပညာဌာန၏ ဒုတိယ အကြီးအကဲဖြစ်သူ Mr. Xu Zhanbin  နှင့် တွေ့ဆုံခဲ့ပြီး တပ်မတော် နှစ်ရပ်အကြား စစ်ဘက် နည်းပညာများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၅ ရက်တွင် သတင်း ထုတ်ပြန်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့် နည်းပညာဌာန၏ ဒုတိယ အကြီးအကဲဖြစ်သူ Mr. Xu Zhanbin  အား ဇွန် ၅ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်နိုင်ငံ ကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံ နှင့် နည်းပညာဌာန ဒုတိယအကြီးအကဲနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး Sr. Col. Xiong Shaowai နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ရှည်လျား ကောင်းမွန်သည့် ဆက်ဆံရေး သမိုင်းကြောင်း ရှိခဲ့မှုနှင့် တပ်မတော် နှစ်ရပ်အကြား စစ်ဘက် နည်းပညာများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုများမှ တစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက် ခိုင်မာစေသည့် အခြေအနေများ၊ စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးပြုနိုင်သည့် နည်းပညာများကိုပါ ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

Most Read

Most Recent