လီဗာပူးလ်ပစ်မှတ် ဖယ်ကီယာကို ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာခွင့်ပေးမည်ဟု လိုင်ယွန်ဥက္ကဋ္ဌ ပြောကြား

လီဗာပူးလ်ပစ်မှတ် ဖယ်ကီယာကို ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာခွင့်ပေးမည်ဟု လိုင်ယွန်ဥက္ကဋ္ဌ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 May 2019

လိုင်ယွန်အသင်းဥက္ကဋ္ဌ အောလက်စ်က လီဗာပူးလ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် ဖယ်ကီယာအား ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာခွင့်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

လိုင်ယွန်အသင်းဥက္ကဋ္ဌ အောလက်စ်က လီဗာပူးလ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် ဖယ်ကီယာအား ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာခွင့်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အသက် (၂၅) နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမား ဖယ်ကီယာကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူနိုင်ရန် အလွန်နီးစပ်ခဲ့ပြီး နောက်ဆုံးတွင် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရသည်။

လီဗာပူးလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင်လည်း ဖယ်ကီယာအားခေါ်ယူရန် ပြန်လည်ကြိုးစားလာဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။

လိုင်ယွန်အသင်းဥက္ကဋ္ဌ အောလက်စ်က အသင်းနှင့် ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဖယ်ကီယာကို ယခုနွေရာသီ၌ အသင်းမှထွက်ခွာခွင့်ပေးသွားမည်ဖြစ်ကြောင်း မေလ (၂၄) ရက်တွင် ပြောကြားခဲ့သည်။ 

အောလက်စ်က "ဖယ်ကီယာဟာ အသင်းက ထွက်ခွာလိုနေပြီး ကျွန်တော်တို့အနေနဲ့ သူ့ရဲ့ဆန္ဒကို နားလည်မှုအပြည့်ရှိပါတယ်။ အသင်းအတွက် သူ စွမ်းဆောင်ပေးခဲ့တာတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ကို အသင်းကထွက်ခွာခွင့်ပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။

ဖယ်ကီယာသည် ၂၀၁၃ ခုနှစ်တွင် လိုင်ယွန်အသင်းနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး အသင်းအတွက် (၆) ရာသီတာကာလအတွင်း ပြိုင်ပွဲစုံ (၁၉၂) ပွဲတွင် (၆၉) ဂိုး သွင်းယူပေးခဲ့သလို၊ ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီတွင်လည်း ပြိုင်ပွဲစုံ (၃၉) ပွဲကစား (၁၂) ဂိုး သွင်းယူနိုင်ခဲ့သည်။

လိုင်ယွန်အသင်းအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့တွင် ဖယ်ကီယာအပါအဝင် အန်ဒွန်ဘီလီ၊ မန်ဒီ၊ ဒမ်ဘီလီနှင့် ဒီပေး စသည့် အဓိကကစားသမားများကို ဆုံးရှုံးရဖွယ်ရှိနေသည်။  သို့သော် အောလက်စ်က မိမိတို့အနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

Most Read

Most Recent