ဆိုးလ်ရှား၏အနာဂတ် ချန်ပီယံလိဂ်ဗိုလ်လုပွဲပေါ်တွင် မူတည်ဟု ကော်လီမိုးသုံးသပ် သုံးသပ်

ဆိုးလ်ရှား၏အနာဂတ် ချန်ပီယံလိဂ်ဗိုလ်လုပွဲပေါ်တွင် မူတည်ဟု ကော်လီမိုးသုံးသပ် သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 15 May 2019

 

လီဗာပူးလ်နှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ စတန်ကော်လီမိုးက မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ၏ အနာဂတ်မှာ ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲပေါ်တွင် မူတည်နေသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အကယ်၍ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် စပါးအသင်း ဗိုလ်စွဲခဲ့ပါက ဆိုးလ်ရှားမှာ မန်ယူနည်းပြရာထူးကို ဆုံးရှုံးရနိုင်သည်ဟု ကော်လီမိုးက သုံးသပ်ခဲ့သည်။

စပါးအသင်းနည်းပြ ပိုချက်တီနိုက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စပါးအသင်း ဗိုလ်စွဲခဲ့လျှင် မိမိ၏အနာဂတ်အတွက် တစ်ခုခုဆုံးဖြတ်ဖွယ်ရှိသည်ဟု ပြောကြားထားရာ ယင်းစကားအပေါ်မူတည်၍ ကော်လီမိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

"ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ပိုချက်တီနို ပြောထားတဲ့စကားတစ်ခွန်းရှိပါတယ်။ တကယ်လို့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့ရင် အဲဒီအသင်းမှာ ဘာလုပ်ဖို့လိုဦးမှာလဲလို့ သူပြောခဲ့တာပါ။ ဒါဟာ အက်ဒ်ဝုဒ်ဝက်ဒ် (မန်ယူ အသင်းအမှုဆောင်ဒုဥက္ကဋ္ဌ) ရဲ့ တံခါးကို သူခေါက်လိုက်တာပါပဲ" ဟု စတန်ကော်လီမိုးက ပြောကြားခဲ့သည်။

Most Read

Most Recent