မြန်မာ ယူ-၁၅ အမျိုးသမီးအသင်း တီမောကို (၂၆) ဂိုးသွင်းပြီး ပွဲဦးထွက်အနိုင်ရ

မြန်မာ ယူ-၁၅ အမျိုးသမီးအသင်း တီမောကို (၂၆) ဂိုးသွင်းပြီး ပွဲဦးထွက်အနိုင်ရ
Photos: MFF
Photos: MFF
Published 10 May 2019

၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းက တီမောအသင်းကို (၂၆-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကြောင်း သိရသည်။

၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းက တီမောအသင်းကို (၂၆-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် တီမောအသင်းကို ဂိုးပြတ်သွင်းယူကာ ပွဲဦးထွက်နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။ 

တီမောအသင်းသည် မြန်မာအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ပထမပိုင်းတွင် (၁၅) ဂိုး၊ ဒုတိယပိုင်းတွင် (၁၁) ဂိုး ပေးခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းသည် ပွဲစကတည်းက တစ်ဖက်သတ်ဖိကစားကာ ဆုမြတ်နိုး တစ်ဦးတည်းက (၇) ဂိုးသွင်းယူပေးခဲ့သည်။

မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ဆုမြတ်နိုးက (၁၆၊ ၂၉၊ ၃၇၊ ၅၇၊ ၅၈၊ ၆၂၊ ၇၆) မိနစ်တွင် (၇)ဂိုး၊ ယုယနိုင်က (၆၊ ၂၆၊ ၄၀၊ ၄၂၊ ၈၀) မိနစ်တွင် (၅)ဂိုး၊ သန်းသန်းစိုးက (၃၊ ၁၈၊ ၁၉၊ ၂၂) မိနစ်တွင် (၄)ဂိုး၊ ဇင်မိုးပြည့်က (၇၊ ၂၇၊ ၃၅) မိနစ်တွင် (၃)ဂိုး၊ ထူးသိဂီနိုင်က ၂၂၊ ၃၃ မိနစ်တွင် (၂)ဂိုး၊ (၅၉) မိနစ်တွင် နန်းချိုမွှေး၊ (၆၅) မိနစ်တွင် ပိုင်ဖြိုးဆု၊ (၆၆) မိနစ်တွင် အေးထက်ထက်ပိုင်နှင့် (၈၀+၃) မိနစ်တွင် ဝေနှင်းဖြိုးတို့က တစ်ဂိုးစီသွင်းယူခဲ့သည်။ ကျန်တစ်ဂိုးမှာမူ (၆၈) မိနစ်တွင် တီမောအသင်း ကိုယ့်ဂိုးကို်ယ်သွင်းမိခဲ့ခြင်းဖြစ်သည်။ 

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု (က) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမောတို့နှင့် ပါဝင်နေပြီး ဒုတိယပွဲအဖြစ် မေ ၁၂ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။