ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 6 May 2019

မန်စီးတီး နှင့် လက်စတာ (အင်္ဂါနံနက် ၁း၃၀ နာရီ)

မန်စီးတီးက ဘန်လေအသင်းရဲ့ Turf Moor ကွင်းမှာ အဂွဲရိုးရဲ့ကျေးဇူးနဲ့ အဖိုးတန် (၃)မှတ်ရခဲ့တယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်နောက်ဆုံး (၁၂)ပွဲဆက်တိုက် ခြေမချော်ဘဲ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်တင်ခဲ့တယ်။ ဒါပေမဲ့ ဂွါဒီယိုလာအတွက် သတိပြုရမယ့်အချက်က လက်စတာက ဘရန်ဒန်ရော်ဂျာလက်ထက်မှာ မန်စီးတီးနဲ့ လီဗာပူးလ်ပြီးရင် အမှတ်အများဆုံးယူနိုင်ခဲ့တဲ့အသင်းဖြစ်တာ၊ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို (၃)ဂိုးပြတ် အနိုင်ယူပြီး အဆင့် (၇)နေရာတိုက်ပွဲအတွက် ရုန်းကန်နေတဲ့အချက်တွေဖြစ်တယ်။ လက်ကျန် (၂)ပွဲပဲ လိုတော့တဲ့အချိန်မှာ လုံးဝအမှားမခံတဲ့ Must-win ပွဲမျိုးကို မန်စီးတီးက အပြည့်အဝအာရုံစိုက်ထားမှာသေချာပေမယ့် မမျှော်လင့်တဲ့ ခြေချော်မှုဆိုတာ အသင်းတိုင်း အချိန်မရွေးဖြစ်နို်င်တယ်။ လက်စတာက အဲ့ဒီလိုလုပ်နိုင်စွမ်းရှိတဲ့အသင်းလည်းဖြစ်တယ်။ ဒါကြောင့် မန်စီးတီး အာရုံစူးစိုက်မှု အပြည့်ရှိဖို့တော့လိုပါတယ်။ ဒါ့အပြင် ပုံမှန်ခြေစွမ်းရဖို့လည်းလိုတယ်။ လက်စတာမှာ လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာရှိနေတာကြောင့်ရော၊  လက်စတာရဲ့အရည်အသွေးကြောင့်ရော၊ ပွဲကစားရတဲ့အချိန်၊ အခြေအနေတွေကြောင့်ရော၊ (၃)မှတ်ရဲ့တန်ဖို    းကြောင့်ရော မန်စီးတီးက ဂိုးအများကြီးသွင်းပြဖို့ထက် နိုင်ပွဲကိုပဲအာရုံစိုက်မှာဖြစ်ပြီး (၂-၁)လောက်ပဲဖြစ်မယ်။

အေစီမီလန် နှင့် ဘိုလော့ဂ်နာ (အင်္ဂါနံနက် ၁းဝ၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါနေချိန်မှာ အေစီမီလန် တည်ငြိမ်မှုကင်းမဲ့နေတယ်။ တိုက်စစ်မှာ ပီယွန်တက်ခ် ဂိုးပေါက်ပျောက်နေသလို၊ တောင်ပံတိုက်စစ်လမ်းကြောင်းတွေ အားကောင်းမောင်းသန်မရှိဘူးဖြစ်နေတယ်။ ဘိုလော့ဂ်နာက  တန်းမဆင်းရဖို့ နီးစပ်နေပြီး ဒီရာသီအဝေးကွင်းရလဒ်တွေအရ  အေစီမီလန်ဆီက တစ်မှတ်ထက်ပိုမရနိုင်ဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်တွေပွဲကျပ်နေချိန်မှာ အေစီမီလန် နိုင်ပွဲယူပါလိမ့်မယ်။ (၂)ဂိုးပြတ်နိုင်ပါတယ်။  

 

 

Most Read

Most Recent