ဂလပ်စဂိုတင်းနစ်ပြိုင်ပွဲကို မာရေးဖလားဟုအမည်ပြောင်း၍ ဂုဏ်ပြု

ဂလပ်စဂိုတင်းနစ်ပြိုင်ပွဲကို မာရေးဖလားဟုအမည်ပြောင်း၍ ဂုဏ်ပြု
Photos: Getty Images
Photos: Getty Images
Published 5 May 2019

 

ဗြိတိန်တင်းနစ်အဖွဲ့ချုပ် (LTA) သည် ဂရင်းစလင်းချန်ပီယံ အန်ဒီမာရေး၊ ဂျေမီမာရေးညီအစ်ကိုနှင့် မိခင်ဖြစ်သူ ဂျူဒီမာရေးတို့ကို ဂုဏ်ပြုသည့်အနေဖြင့် ဂလပ်စဂိုဖလား (Glasgow Trophy) တင်းနစ်ပြိုင်ပွဲကို မာရေးဖလား (Murray Trophy) အဖြစ် အမည်ပြောင်းလဲခဲ့ကြောင်း သိရသည်။

အန်ဒီမာရေးသည် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် (နှစ်ကြိမ်) နှင့် ယူအက်စ်အိုးပင်း (တစ်ကြိမ်) ဂရင်းစလင်းချန်ပီယံဆုများရရှိထားသူ ဖြစ်ပြီး ၂၀၁၂ လန်ဒန်အိုလံပစ်နှင့် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲနှစ်ကြိမ် ဆက်တိုက် ရွှေတံဆိပ်ရရှိထားသူ ဖြစ်သည်။

၎င်း၏အစ်ကိုဖြစ်သူ ဂျေမီမာရေးမှာလည်း သြစတြေးလျအိုးပင်းနှင့် ယူအက်စ်အိုးပင်း ဂရင်းစလင်း နှစ်ယောက်တွဲပြိုင်ပွဲ၌ ချန်ပီယံဆုရရှိထားပြီး Open Era တွင် ကမ္ဘာ့အဆင့် (၁) နေရာ ရပ်တည်နိုင်သည့် ပထမဆုံး ဗြိတိန်ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသည်။

ထို့ပြင် ၎င်းတို့၏မိခင် ဂျူဒီသည် Fed Cup ပြိုင်ပွဲဝင် ဗြိတိန်အသင်း၏ အသင်းခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်သောကြောင့် ATP Challenger ပြိုင်ပွဲဖြစ်သည့် ဂလပ်စဂိုဖလားပြိုင်ပွဲကို မာရေးဖလား (Murray Trophy) ဟု အမည်ပြောင်း၍ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent