ဘောလုံးကွင်း ၂၃ ကွင်းပါဝင်ပြီး ကစားသမားနှင့် နည်းပြ ၅၀၀ အထိ ဝင်ဆံ့သည့်အကယ်ဒမီတည်ဆောက်ရန် Dalian Wanda က ဒေါ်လာသန်း ၃၀၀ မြှုပ်နှံမည်

ဘောလုံးကွင်း ၂၃ ကွင်းပါဝင်ပြီး ကစားသမားနှင့် နည်းပြ ၅၀၀ အထိ ဝင်ဆံ့သည့်အကယ်ဒမီတည်ဆောက်ရန် Dalian Wanda က ဒေါ်လာသန်း ၃၀၀ မြှုပ်နှံမည်
Photos: Getty Images
Photos: Getty Images
Published 5 May 2019

 

တရုတ်နိုင်ငံရှိ Dalian Wanda  စီးပွားရေးလုပ်ငန်းအုပ်စုက ဘောလုံး ကွင်း ၂၃ ကွင်းပါဝင်ပြီး ကစားသမား နှင့် နည်းပြ ၅၀၀ အထိ ဝင်ဆံ့သည့် ဘောလုံးအကယ်ဒမီတစ်ခုတည် ဆောက်ရန် ဒေါ်လာသန်း ၃၀၀ (ယွမ်နှစ်ဘီလျံ) ရင်းနှီးမြှုပ်နှံသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းအကယ်ဒမီကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆိပ်ကမ်း မြို့ဖြစ်သည့် ဒါလီယန် မြို့၌ တည်ဆောက်မည်ဖြစ်ပြီး ဘောလုံးကွင်း ၂၃ ကွင်းအတွက်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများလည်း ပါဝင်မည်ဖြစ်သည်။ အကယ်ဒမီအတွက် ရင်းနှီးမြှုပ်နှံမည့် Dalian Wanda  စီးပွားရေးလုပ်ငန်းအုပ်စုကို တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဝေါ်ကျီအန်းလင်က ပိုင်ဆိုင်ထားပြီး ပရော်ဖက်ရှင်နယ်ကလပ်အသင်းများအပြင် အခြေခံနှင့် အလယ်တန်းအဆင့် ကျောင်းသားများအတွက် လိုအပ်နေသည့် လေ့ကျင့်ရေးကွင်း များပါဝင်မည်ဖြစ်သည်။

" ထပ်မံ ဆွေးနွေးညှိနှိုင်းမှုအရ ယင်းအကယ်ဒမီမှာ ပရော်ဖက်ရှင်နယ်ကလပ်များအတွက် လိုအပ်သည့်အပြင် ဒါလီယန်မြို့ရှိ ဘောလုံးအားကစားနည်းကို ချစ်မြတ်နိုးသည့် အခြေခံနှင့် အလယ်တန်းအဆင့် ကျောင်းသား များအတွက်လည်း လေ့ကျင့်ရေးကွင်းများအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါသည်"  ဟု Dalian Wanda  အုပ်စု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘောလုံးအားကစားနည်းကို ၀ါသနာပါသူ တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းသည် တရုတ်ဘောလုံးအသင်း ကမ္ဘာ့အားကစားလောကသို့ ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရေး၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲရေး စသည့် ရည်မှန်းချက်များဖြင့် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ထို့ပြင် တရုတ်အစိုးရသည် နိုင်ငံတစ်ဝန်း၌ ဘောလုံးအကယ်ဒမီ စုစုပေါင်း ၂၀၀၀၀ အထိဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။ တရုတ် လက်ရွေးစင်အသင်းမှာ လက်ရှိတွင် ကမ္ဘာ့အဆင့် (၇၄) နေရာ ရပ်တည်လျက်ရှိသည်။

Most Read

Most Recent