ပေါ့ဘာ၊ ဟာဇက်၊ အဲရစ်ဆင်တို့အပါအဝင် ကစားသမားသစ်ခြောက်ဦးအတွက် ယူရိုသန်း ၅၄၀ အထိအသုံးပြုရန် ရီးယဲလ်အသင်း စီစဉ်ထားဟု AS ဖော်ပြ

ပေါ့ဘာ၊ ဟာဇက်၊ အဲရစ်ဆင်တို့အပါအဝင် ကစားသမားသစ်ခြောက်ဦးအတွက် ယူရိုသန်း ၅၄၀ အထိအသုံးပြုရန် ရီးယဲလ်အသင်း စီစဉ်ထားဟု AS ဖော်ပြ
Photo : Getty Images
Photo : Getty Images
Published 4 May 2019

နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြင်ဆင်မှုများစွာပြုလုပ်မည်ဟု သတင်းထွက် ပေါ်နေသည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ပေါ့ဘာ၊ ဟာဇက်၊ အဲရစ်ဆင်စသည့် ထိပ်တန်း ကစားသမားများအပါအဝင် ကစားသမား သစ်ခြောက်ဦးအတွက် ယူရိုသန်း ၅၄၀ အထိ အသုံးပြုရန် စီစဉ်ထားကြောင်း စပိန်နိုင်ငံ ထုတ် AS သတင်းစာက ဖော်ပြသည်။

ရီးယဲလ်အသင်းသည် ပေါ်တိုအသင်း၏ ဘရာဇီးလ်နောက်ခံလူ မီလီတို (၂၁ နှစ်) ကို စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ ဖြင့် နွေရာသီတွင်ခေါ်ယူရန် မတ်လကတည်းက သဘောတူညီမှုရရှိထားပြီးဖြစ်သည်။ 

ထို့ပြင် ရီးယဲလ်အသင်းနည်းပြ ဇီဒန်းသည် အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ အသင်းတာဝန်ရှိ သူများနှင့် ဆွေးနွေးတိုင်ပင်ထားပြီး ပေါ့ဘာ၊ ဟာဇက်၊ အဲရစ်ဆင်၊ အန်ဒွန်ဘီလီ၊ ယိုဗစ်စသည့် ကစားသမားငါးဦး ထပ်မံခေါ်ယူရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။ 

၎င်းတို့အတွက် ပေးချေရနိုင်သည့် ပြောင်းရွှေ့ကြေးကိုလည်း AS သတင်းစာက ခန့်မှန်းဖော်ပြထားပြီး မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာအတွက် ယူရိုသန်း ၁၅၀၊ ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ဟာဇက်အတွက် ယူရို ၁၁၂ သန်း၊ စပါးအသင်းကွင်းလယ်လူ အဲရစ် ဆင်အတွက် ယူရို ၈၅ သန်း၊ လိုင်ယွန်အသင်း ကွင်းလယ်လူ အန်ဒွန်ဘီလီအတွက် ယူရို သန်း ၈၀ နှင့် ဖရန့်ဖတ်အသင်းတိုက်စစ်မှူး ယိုဗစ်အတွက် ယူရိုသန်း ၆၀ ပေးချေရဖွယ်ရှိ ကြောင်း သိရသည်။

ရီးယဲလ်အသင်း၏ ဘဏ်စာရင်းတွင် ယူရိုသန်း ၁၅၀ ခန့် အသင့်ရှိနေပြီး Adidas နှင့်စာချုပ်သစ်အရ တစ်နှစ်လျှင် ယူရိုသန်း ၁၀၀ ရရှိမည်ဖြစ်သလို ဂါရတ်ဘေးလ်၊ ဟာမီးစ် ရိုဒရီဂွက်ဇ်၊ ကိုဗာချစ်တို့ကိုရောင်းချ၍ ဝင်ငွေရှာဖွေနိုင်ကြောင်းလည်း သိရသည်။

Most Read

Most Recent