စီးရီးအေပွဲစဉ်(၃၅) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်(၃၅) ပွဲကြိုသုံးသပ်ချက်
Photo : milan adictos
Photo : milan adictos
Published 4 May 2019

ချီယေဗို နှင့် SPAL (စနေည ၁ဝး၃၀ နာရီ)

ချီယေဗိုက ဂုဏ်သိက္ခာတိုက်ပွဲတွေ ရာသီပိတ်ကာလမှာ ဆင်နွှဲပြနေတယ်။ နောက်ဆုံး(၂)ပွဲမှာ (၁)ပွဲနိုင်၊ (၁)ပွဲသရေ ကစားနိုင်ခဲ့လို့ SPAL ဆီကလည်း အမှတ်ယူပြဦးမယ်ထင်တယ်။  သရေပွဲဖြစ်သွားနိုင်ပါတယ်။ ဂိုးလည်းနည်းနိုင်တယ်။

အူဒီးနီးစ် နှင့် အင်တာမီလန် (တနင်္ဂနွေနံနက် ၁းဝ၀ နာရီ)

အူဒီးနီးစ်က နိုင်ပွဲပျောက်ဆုံးမှုတွေကြား ပြန်လည်နစ်မွန်းသွားပြန်ပြီ။ ဒီပုံစံအတိုင်းဆိုရင် တန်းဆင်းဇုန်လွတ်မြောက်ရေးလမ်းဆီ ဘယ်လိုရုန်းထွက်မလဲ။ တန်းဆင်းဇုန်ထဲက အနီးဆုံးရန်သူ အမ်ပိုလီထက် (၄)မှတ်အသာရထားတယ်ဆိုပေမယ့် အမှားအယွင်းတွေ ထပ်များလို့မရတော့ဘူး။ အင်တာမီလန်ကလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်၊ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဆင်နွှဲနေရပြီး အမှတ်လိုနေတယ်။ သရေပွဲဖြစ်သွားနိုင်တယ်။

 

Most Read

Most Recent