၂၀၁၉ အာရှ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား နေသွေးဦး ဗိုလ်စွဲ

၂၀၁၉ အာရှ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား နေသွေးဦး ဗိုလ်စွဲ
ချန်ပီယံဆု ရရှိခဲ့သည့် နေသွေးဦး (Photo: Nyi Nyi Soe Nyunt)
ချန်ပီယံဆု ရရှိခဲ့သည့် နေသွေးဦး (Photo: Nyi Nyi Soe Nyunt)
Published 3 May 2019

ဘိလိယက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား နေသွေးဦးနှင့် ထိုင်းကစားသမား ပရာပွတ်တို့ တွေ့ဆုံခဲ့ပြီး နေသွေးဦးက (၆-၂) ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

၂၀၁၉ အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှ ယူ-၂၁ စနူကာချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို မေ (၃) ရက်က အိန္ဒိယနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦး ဗိုလ်စွဲခဲ့ ကြောင်း သိရသည်။ 

    

ဘိလိယက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား နေသွေးဦးနှင့် ထိုင်းကစားသမား ပရာပွတ်တို့ တွေ့ဆုံခဲ့ပြီး နေသွေးဦးက (၆-၂) ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

နေသွေးဦးသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိဘဲ ချန်ပီယံဆုရခဲ့ခြင်းဖြစ်ပြီး ပရာပွတ်ကို အုပ်စုပွဲနှင့် ဗိုလ်လုပွဲတွင် (၂) ကြိမ်စလုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

နေသွေးဦးသည် ပရာပွတ်ကို (၁၀၁- ၆၈) မှတ်၊ (၉၄-၁၀၁) မှတ်၊ (၁၀၁-၅) မှတ်၊ (၁၀၂-၅၀) မှတ်၊ (၁၀-၁၀၁) မှတ်၊ (၁ဝဝ-ဝ) မှတ်၊ (၁ဝဝ-၈၇) မှတ်၊ (၁ဝဝ-၂၅) မှတ်တို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

နေသွေးဦးသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဘိလိယက် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒုတိယရခဲ့ပြီး ယခု အာရှဘိလိယက်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာဘိလိယက်အဖွဲ့သည် ယခုပြိုင်ပွဲတွင်  ဘိလိယက်ကစားသမား(၃)ဦး၊ စနူကာကစားသမား(၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဘိလိယက်ပြိုင်ပွဲတွင် ချန်ပီယံဆုနှင့် ပူးတွဲတတိယဆုရရှိခဲ့ခြင်းဖြစ်သည်။ 

ပူးတွဲတတိယဆုကို ချစ်ကိုကိုက အိန္ဒိယကစားသမား အက်ဗာနီနှင့် ရရှိခဲ့သည်။