ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 3 May 2019

ယနေ့ညတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲ၊ လာလီဂါပွဲစဉ် (၁) ပွဲ၊ စီးရီးအေပွဲစဉ် (၁) ပွဲနှင့် ဘွန်ဒစ်လီဂါပွဲစဉ် (၁) ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အဲဗာတန် နှင့် ဘန်လေ (စနေနံနက် ၁:၃၀ နာရီ)

အဲဗာတန်အတွက် ပွဲကျပ်တစ်ပွဲကိုဖြတ်သန်းရဦးမှာပါ။ အမှတ်မလိုတဲ့ဘန်လေရဲ့ ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့ ကစားခဲ့တဲ့ ရလဒ်၊ ခြေစွမ်းတွေကိုကြည့်ရင် အဲဗာတန်အတွက် မလွယ်ကူတဲ့ပွဲဆိုတာ သိသာတယ်။ ဒါပေမဲ့ အဆင့် (၇)နေရာမျှော်လင့်ချက်အတွက် အဲဗာတန်ရုန်းကန်ခဲ့တဲ့ ဖြတ်သန်းမှု၊ ရလဒ်၊ ခြေစွမ်းတွေကလည်း အထင်ကြီးစရာဖြစ်နေတယ်။ အဲဗာတန် အနိုင်ကစားပါလိမ့်မယ်။ 

ဆီဗီလာ နှင့် လီဟာနက်စ် (စနေနံနက် ၁:၃၀ နာရီ)

ဆီဗီလာတို့ ချန်ပီယံလိဂ် လက်ကျန်ဝင်ခွင့်တစ်နေရာအတွက် သေချာပေါက် အနိုင်ကစားထားမယ့်ပွဲပါပဲ။ လီဟာနက်စ်ကလည်း ရာသီသိမ်းကို သာမန်လောက်ပဲ ဖြတ်သန်းနေပြီး ပုံမှန်အရလည်း ဆီဗီလာရဲ့ အိမ်ကွင်းအားကို တောင့်ခံနိုင်ဖို့ မလွယ်လှပါဘူး။ လက်ကျန်ပွဲစဉ်အနေအထားအရတော့ ဆီဗီလာအတွက် အမှားမခံတော့ဘူး။ ဆီဗီလာနဲ့ ဂိုးအများပါပဲ။

ဂျူဗင်တပ်စ် နှင့် တိုရီနို (စနေနံနက် ၁:၀၀ နာရီ)

၁၉၄၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ်ရာ တိုရီနိုလေယာဉ်ပျက်ကျမှုဖြစ်ရပ်ဆိုး နှစ် (၇၀)ပြည့်အကြို တူရင်ဒါဘီပါပဲ။ ဂျူဗင်တပ်စ်က အရေးပေါ်အိပ်မက်တွေမရှိတော့ပေမယ့် နိုင်ပွဲတွေနဲ့ ရာသီဇာတ်သိမ်းခန်းကို ဖန်တီးချင်နေပုံပဲ။ တိုရီနိုမှာက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ခပ်ကြီးကြီးရှိနေတယ်။ အဲဒီ မျှော်လင့်ချက်ကိုအသက်ဆက်ဖို့ အမှတ်လိုအပ်နေတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ် အနည်းဆုံးသရေပါပဲ။

မိန့်ဇ် နှင့် လိုက်ပ်ဇစ် (စနေနံနက် ၁:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်း (၆)ပွဲဆက်အနိုင်ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ သေချာသွားပါပြီ။ မိန့်ဇ်လည်း အမှတ်မလိုတော့ပေမယ့် အိမ်ရှင်ကိုပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent