Ballon d'Or ဆု အကြောင်း လုံးဝမတွေးထားဟု လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ပြောကြား

Ballon d'Or ဆု အကြောင်း လုံးဝမတွေးထားဟု လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ပြောကြား
Photos: AFP
Photos: AFP
Published 1 May 2019

 

လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်က 2019 Ballon d'Or ဆုအကြောင်း လုံးဝ မတွေးထားဟု ပြောကြားခဲ့သည်။  PFA တစ်နှစ်တာအကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ပြီးနောက် Ballon d'Or ဆုနှင့် ပတ်သက်ပြီး ဗန်ဒိုက်က ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းက လက်ရှိအချိန် တွင် ယနေ့၌ကစားမည့် ဘာစီလိုနာနှင့်ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကိုသာ အာရုံစိုက်ထားသည်ဟုလည်း ဝန်ခံခဲ့သည်။

အသက် (၂၇) နှစ်အရွယ်ရှိ ဗန်ဒိုက်သည် ကစားသမားဘဝ အအောင်မြင်ဆုံးရာသီကို ဖြတ်သန်းနေပြီး PFA အကောင်းဆုံးအသင်းတွင် ရွေးချယ်ခြင်းခံခဲ့ရရုံမက ဘောလုံးသတင်းနှင့် ဆောင်းပါးရေးသားသူများ အဖွဲ့(FWA) မှ ချီးမြှင့်သည့် အကောင်းဆုံးဆုတွင်လည်း မန်စီးတီးတောင်ပံကစားသမား စတာလင်၏ နောက် ဒုတိယနေရာရရှိခဲ့သည်။

" လက်ရှိ အခိုက်အတန့်မှာ တစ်သမတ်တည်းသွားနေတဲ့ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်အတွက် အလွန်ကျေနပ်မိပါတယ်။ အဓိကကတော့ ကျွန် တော် ကြံ့ခိုင်မှုကောင်းကောင်းပြည့်နေတာပါပဲ။ လက်ရှိမှာ ရှေ့ကို အရမ်းကြိုမကြည့်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ပြိုင်ပွဲလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ကမ္ဘာ့ အကောင်းဆုံးကစားသမားတွေရှိနေတဲ့ အံ့ အားသင့်ဖွယ်အသင်း တစ်သင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ကစားရမှာဖြစ်ပြီး တစ်ပွဲပြီးတစ်ပွဲ ချဉ်းကပ်သွားဖို့လိုအပ်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့အတွက် ဘာစီလိုနာ နဲ့ပွဲကို အာရုံစိုက်ထားရမယ့်အချိန်ပါပဲ။ ဒီပွဲ ပြီးရင် နယူးကာဆယ်အသင်းနဲ့ အဝေးကွင်း ပွဲကျပ်ကစားရမယ်။ ဒါကြောင့် ကျွန်တော်က ရှေ့ကို အရမ်းကြိုမကြည့်ဖို့ လိုတယ်လို့ ယူဆပါတယ်" ဟု ဗန်ဒိုက်က ပြောကြားခဲ့သည်။  

၂၀၁၈၊ ဇန်နဝါရီလတွင် နောက်ခံလူတစ်ဦး၏ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်းဖြင့် ဆောက်သမ်တန်မှ လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့သူ ဗန်ဒိုက်မှာ ယခုပရီး မီးယားလိဂ်ရာသီ အသင်း၏ ပွဲစဉ် (၃၆) ပွဲအ ပြီးတွင် ပွဲ (၂၀) တိတိ Clean Sheet ရရှိအောင် အဓိကအခန်းကဏ္ဍမှ စွမ်းဆောင်ပေးခဲ့သည်။

Most Read

Most Recent