ဘာစီလိုနာတွင် ပွဲထွက်အဖြစ်ပါဝင်ခွင့်ရရန် မမျှော်လင့်ထားဟု အေဂျက်စ်ကွင်းလယ်လူ ဒီယွန်း ဖွင့်ဟ

ဘာစီလိုနာတွင် ပွဲထွက်အဖြစ်ပါဝင်ခွင့်ရရန် မမျှော်လင့်ထားဟု အေဂျက်စ်ကွင်းလယ်လူ ဒီယွန်း ဖွင့်ဟ
Photo : EPA
Photo : EPA
Published 30 April 2019

ယခုရာသီတွင် အေဂျက်စ်အသင်း၌ ခြေစွမ်းပြနေသည့် နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းက လာမည့်ရာသီတွင် ဘာစီလိုနာအသင်းသို့ ရောက်ရှိပါက ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရန် မမျှော်လင့်ထားကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ဒီယွန်းအား ပြောင်းရွှေ့ကြေးယူရို (၇၅)သန်းဖြင့် ခေါ်ယူထားပြီး လာမည့်ဇူလိုင်လတွင် အသင်းသို့ တရားဝင်ရောက်ရှိမည်ဖြစ်သည်။ 

ဒီယွန်းက ''ဘာစီလိုနာကိုရောက်ရင် ပွဲထွက်ကစားသမားတစ်ဦးဖြစ်ဖို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ သေချာတာကတော့ ကျွန်တော် အေဂျက်စ်အသင်းကို လွမ်းနေမှာပါ။ ဒီမှာရှိတဲ့အချိန်တိုင်း ကျွန်တော် ပျော်ရွှင်ခဲ့ရပါတယ်။ ဒီအသင်းကိုခွဲခွာရတဲ့အတွက် ဝမ်းနည်းမိပေမယ့် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခွင့် ရတဲ့အတွက်တော့ ပျော်ရွှင်မိပါတယ်''ဟု နယ်သာလန်အခြေစိုက်မီဒီယာများသို့ ဖွင့်ဟပြောကြားခဲ့သည်။ 

(၂၁)နှစ်သာရှိသေးသူ ဖရန်ကီဒီယွန်းသည် နယ်သာလန်ကလပ် ဝီလမ်IIအသင်းအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး (၁၈)နှစ်အရွယ်တွင် အေဂျက်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

နယ်သာလန်လက်ရွေးစင်အသင်းတွင် ၂၀၁၈၊ စက်တင်ဘာလ(၆)ရက်ကမှ ပွဲဦးထွက်ခဲ့သော်လည်း အချိန်တိုအတွင်း အသင်း၏အမာခံဖြစ်လာကာ နိုင်ငံတကာပွဲ (၇)ပွဲအထိ ကစားထားသည်။

Most Read

Most Recent