ဒေါ့မွန် နှင့် ရှော်လ်ကေး (စနေည ၈းဝ၀ နာရီ)
အမှတ်ပေးဇယားရပ်တည်မှုအဆင့် အတော်လေးကွာခြားနေပေမယ့် Ruhr Derby တစ်ဖြစ်လဲ Revierderby က ပြိုင်ဆိုင်မှု အတော်ပြင်းထန်ပါတယ်။ ဘွန်ဒစ်လီဂါနောက်ဆုံးတွေ့ဆုံမှု (၇)ပွဲမှာ One Goal Margin ထက်ပိုတဲ့ရလဒ် ထွက်ပေါ်ခဲ့တာ တစ်ပွဲပဲရှိခဲ့တဲ့အထိ အကြိတ်အနယ်ဖြစ်လေ့ရှိပါတယ်။ ဒေါ့မွန်ဟာ ဘွန်ဒစ်လီဂါနောက်ဆုံး(၆)ပွဲမှာ ဘိုင်ယန်ကို ဂိုးပြတ်ရှုံးတဲ့ပွဲကလွဲလို့ ကျန်ပွဲအားလုံး အနိုင်ကစားထားပြီး ရှော်လ်ကေးကတော့ နောက်ဆုံး(၁၂)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ပါတယ်။ ဒေါ့မွန်က မဖြစ်မနေ အနိုင်ကစားရမယ့်အနေအထားဖြစ်ပြီး ရှော်လ်ကေးက တန်းဆင်းဇုန်နဲ့ အမှတ်ကွာနေသေးတယ်။ ဒါဘီပွဲဖြစ်လို့ ရှော်လ်ကေး ဂိုးပြတ်ရှုံးမယ်မထင်ပါဘူး။
လိုက်ပ်ဇစ် နှင့် ဖရိုင်းဘတ် (စနေည ၈းဝ၀ နာရီ)
လိုက်ပ်ဇစ်က ဒီပွဲကိုအနိုင်ကစားခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာပေါက်ရရှိမှာဖြစ်တယ်။ ဖရိုင်းဘတ် အမှတ်မလိုတော့လို့ လိုက်ပ်ဇစ် ဂိုးပြတ်သွင်းဖို့များတယ်။
ဖရန့်ဖတ် နှင့် ဟာသာဘာလင် (စနေည ၈းဝ၀ နာရီ)
ဖရန့်ဖတ်အသင်းအဖို့ ဒီပွဲပြီးရင်ကစားမယ့် ယူရိုပါလိဂ်ဆီမီးပွဲက ပိုအရေးကြီးပါတယ်။ ဖရန့်ဖတ် အနိုင်ရခဲ့ရင်တောင် ဂိုးပြတ်ဖို့မလွယ်ဘူး။
ဟန်နိုဗာ နှင့် မိန့်ဇ် (စနေည ၈းဝ၀ နာရီ)
မိန့်ဇ်က တန်းဆင်းအန္တရာယ်နဲ့ လွတ်လွတ်ကင်းကင်း ဖြစ်သွားပါပြီ။ Play-off ကစားခွင့် မျှော်လင့်ချက်အနည်းငယ်ရှိနေသေးတဲ့ ဟန်နိုဗာကိုပဲ ရွေးချယ်ချင်တယ်။
ဒစ်ဆယ်ဒေါ့ဖ် နှင့် ၀ါဒါဘရီမင် (စနေည ၈းဝ၀ နာရီ)
ဒစ်ဆယ်ဒေါ့ဖ်က အမှတ်မလိုတော့တဲ့အသင်းဖြစ်ပြီး ၀ါဒါဘရီမင်ကို အမှတ်ပေးမလား စဉ်းစားရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၀ါဒါဘရီမင် အနိမ့်ဆုံးသရေပါပဲ။
စတုဂတ် နှင့် မိုချန်ဂလာဘတ် (စနေည ၁၁းဝ၀ နာရီ)
နှစ်သင်းစလုံးအတွက် မဖြစ်မနေနိုင်ပွဲပြန်ရှာရမယ့်ပွဲမျိုးပါပဲ။ မိုချန်ဂလာဘတ်လည်း ရလဒ်တွေကျနေလို့ စတုဂတ်ကိုပဲ ကြိုက်တယ်။