PSG အသင်းက နောက်ဆုံးရာသီ(၇)ရာသီမှာ (၆)ကြိမ်မြောက်ဗိုလ်စွဲပြီး ပြင်သစ်လိဂ်မှာ တတိယအအောင်မြင်ဆုံး ဖြစ်လာခဲ့ပါတယ်။
တနင်္ဂနွေညအစောပိုင်းက ကစားခဲ့တဲ့ တူးလူး-လိုင်လီပွဲမှာ သရေကျခဲ့လို့ PSG အသင်း ချန်ပီယံဖြစ်ဖို့ သေချာခဲ့ပြီး အိမ်ကွင်းမှာ မိုနာကိုနဲ့ကစားတဲ့ပွဲမှာတော့ ရလဒ်ပိုင်းအရ မလိုအပ်တော့ပေမယ့် ဘာပေရဲ့ဟက်ထရစ်နဲ့ အောင်ပွဲခံခဲ့ပါတယ်။
PSG အနေနဲ့ အသင်းသမိုင်းမှာ အမှတ်ပေးချန်ပီယံဆုကို (၈)ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး မိုနာကို၊ နန့်စ်အသင်းတွေနဲ့ ဆုဖလားရရှိမှုတူပေမယ့် ဒုတိယ (၁)ကြိမ်အသာရထားလို့ တတိယအအောင်မြင်ဆုံးအဖြစ် ရပ်တည်စေခဲ့ပါတယ်။
နည်းပြ ဇီဒန်းရဲ့ရီးယဲလ်အသင်းကတော့ ဘန်ဇီမာသွင်းယူတဲ့ ဟက်ထရစ်နဲ့ ဘီလ်ဘာအိုကို အနိုင်ရပြီး အိမ်ကွင်းရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ ပွဲစဉ်ရလဒ်များ
ပရီးမီးယားလိဂ်
အဲဗာတန် ၄ - ၀ မန်ယူ
အာဆင်နယ် ၂ - ၃ ခရစ္စတယ်ပဲလေ့စ်
ကာဒစ်ဖ် ၀ -၂ လီဗာပူးလ်
လာလီဂါ
လီဗန်တေး ၂ - ၂ အက်စ်ပန်ညို
ဂီတာဖေး ၃ - ၀ ဆီဗီလာ
ရီးယဲလ်မက်ဒရစ် ၃ - ၀ ဘီလ်ဘာအို
ဗီလာရီးယဲလ် ၂ - ၁ လီဟာနက်စ်
ဘက်တစ် ၁ - ၂ ဗလင်စီယာ
ဘွန်ဒစ်လီဂါ
ဖရိုင်းဘတ် ၀ - ၄ ဒေါ့မွန်
ဟာသာဘာလင် ၀ - ၀ ဟန်နိုဗာ
ပြင်သစ်လီဂူး
နန့်စ် ၃ - ၂ အာမီယန်စ်
တူးလူး ၀ - ၀ လိုင်လီ
Reims ၀ - ၂ စိန့်အက်တီယန်
PSG ၃ - ၁ မိုနာကို