ချန်ပီယံလိဂ်မှထွက်ရပြီးနောက်ဂျူဗင်တပ်စ်၏ ရှယ်ယာတန်ဖိုး (၁၇) ရာခိုင်နှုန်းကျော် ကျဆင်း

ချန်ပီယံလိဂ်မှထွက်ရပြီးနောက်ဂျူဗင်တပ်စ်၏ ရှယ်ယာတန်ဖိုး (၁၇) ရာခိုင်နှုန်းကျော် ကျဆင်း
Photos: AFP,FT
Photos: AFP,FT
Published 17 April 2019

 

ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီးနောက် ဂျူဗင်တပ်စ်အသင်း၏ စျေးကွက်အတွင်း ရှယ်ယာတန်ဖိုးမှာ (၁၇) ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် အေဂျက်စ်အသင်း၏ကွင်း၌ ကစားသည့် ပထမအကျော့ ပွဲတွင် တစ်ဂိုးစီသရေကျထားပြီး ဒုတိယအကျော့တွင်လည်း စီရော်နယ်လ်ဒို၏ (၂၈) မိနစ် ခေါင်းတိုက်သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ သည်။ သို့သော် ခြောက်မိနစ်အကြာမှာပင် ဗန်ဒီဘိခ်၏ချေပဂိုး ပြန်လည်ခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်း (၆၇) မိနစ်တွင်လည်း အသက် (၁၉ နှစ် ၂၄၆) ရက်သာရှိသေးသည့် အေဂျက်စ် အသင်းခေါင်းဆောင် ဒယ်လစ်၏ ခေါင်းတိုက်ဂိုးကြောင့် အိမ်ကွင်း၌ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ နံနက်အစောပိုင်းတွင် မီလန်စတော့အိတ်ချိန်းရှိ ဂျူဗင်တပ်စ်အသင်း၏ ရှယ်ယာတန်ဖိုးမှာ ရှယ်ယာတစ်စုလျှင် (၁.၃၉) ယူရိုအထိ ကျဆင်း သွားပြီး ယခင်နေ့ထက် (၁၇.၇) ရာခိုင် နှုန်းကျဆင်း သွားခြင်းဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ၁၉၉၆ ခုနှစ် နောက်ပိုင်း ဝေးကွာနေသည့် ချန်ပီယံလိဂ် အောင်မြင်မှု ပြန်လည်ရယူနိုင်ရန် ပြီးခဲ့သည့် နွေရာသီတွင် ပေါ်တူဂီတိုက်စစ်မှူး စီရော် နယ်လ်ဒိုကို ယူရိုသန်း (၁၀၀) အကုန် အကျခံ၍ ခေါ်ယူခဲ့သော်လည်း ကွာတားဖိုင်နယ်အဆင့်မှ နှစ်နှစ်ဆက်တိုက် ထွက်ခဲ့ရခြင်းဖြစ်သည်။

သို့သော် နည်းပြ အယ်လီဂရီက ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ "လွန်ခဲ့တဲ့နှစ်ရက်လောက်က ဥက္ကဋ္ဌ (အဂ္ဂါနယ်လီ) နဲ့ ကျွန်တော် တွေ့ဖြစ်ပါတယ်။ ကျွန်တော် ဂျူဗင်တပ်စ်မှာပဲ ဆက်နေမယ်ဆိုတာ သူ့ကိုပြောခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent