ထိခိုက်ဒဏ်ရာရရှိသူကို MFF ကူညီပံ့ပိုးမည်

ထိခိုက်ဒဏ်ရာရရှိသူကို MFF ကူညီပံ့ပိုးမည်
Published 23 August 2017

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် သြဂုတ် ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အိမ်ရှင်မလေးရှားအသင်းနှင့်ပွဲတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် မြန်မာပရိသတ်တစ်ဦးကို လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနှင့် ပွဲအပြီးတွင် မြန်မာပရိသတ်များ တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့မှုကို Free Malaysia Today သတင်းဌာနက ဖော်ပြခဲ့စဉ် (Photo: freemalaysiatoday)

"ကျွန်တော့်အနေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူကို မလေးရှားမှာ လူမှုရေးအသင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကတစ်ဆင့် ဆက်သွယ်ခဲ့ပါတယ်။ လောလောဆယ် အဆက်အသွယ်တော့ ရထားပါပြီ။ သူ့ကို လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးသွားမှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ မလေးရှား ဘောလုံးအဖွဲ့ချုပ် (FAM) ကို အသိပေးဖို့ စီစဉ်နေပါတယ်" ဟု MFF တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

မြန်မာပရိသတ်တစ် ဦးသည် မလေးရှားနှင့်ပွဲအပြီးတွင် တိုက်ခိုက်ခံရသောကြောင့် ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး အချို့ပရိသတ်များမှာလည်း အသေးစားဒဏ်ရာများရခဲ့ကြောင်း သိရသည်။

Most Read

Most Recent