မိမိသေသွားပြီဟု မမှန်သတင်းပြောသူအားဖော်ထုတ်ရန် မာရာဒိုနာ ဆုငွေထုတ်

မိမိသေသွားပြီဟု မမှန်သတင်းပြောသူအားဖော်ထုတ်ရန် မာရာဒိုနာ ဆုငွေထုတ်
Published 30 June 2018

Photo:AFP

အာဂျင်တီးနားဂန္ထဝင်ကစားသမား မာရာဒိုနာသည် နှလုံးရောဂါကြောင့် မိမိသေဆုံးသွားပြီဟု မမှန်သတင်းပြောကြားသူအား ဖော်ထုတ်နိုင်ပါက ပီဆိုငွေသုံးသိန်း(ဒေါ်လာ ၁၀,၀၀၀) ဆုကြေးချီးမြှင့်မည်ဟု ကြေညာထားကြောင်း သိရသည်။

မာရာဒိုနာသည် အာဂျင်တီးနားနှင့် နိုင်ဂျီးရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲအား ကွင်းအတွင်း သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အာဂျင်တီးနားအသင်းဂိုးများသွင်းယူစဉ် ပြင်းပြင်းထန်ထန် အောင်ပွဲခံခဲ့သောကြောင့် ပွဲအပြီးတွင် လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ဘဲ မိတ်ဆွေနှစ်ဦး၏အကူအညီဖြင့် VIP စားသောက်ခန်းသို့ ပြန်သွားခဲ့ရသည်။

ထို့နောက် အာဂျင်တီးနားနိုင်ငံသားတစ်ဦးက Whatsapp တွင် အသံမက်ဆေ့ချ်ဖြင့် နှလုံးရောဂါကြောင့် မာရာဒိုနာ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားရာ ၎င်းအား ဖော်ထုတ်နိုင်ပါက ဆုကြေးချီးမြှင့်မည်ဟု ကြေညာထားခြင်းဖြစ်သည်။

မာရာဒိုနာသည် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မိခင်နိုင်ငံ အာဂျင်တီးနားလက်ရွေးစင်အသင်း၏ပွဲတိုင်းကို လိုက်လံအားပေးလျက်ရှိသည်။

Most Read

Most Recent