ကမ္ဘာ့ဖလားတွင် ဘရာဇီးလ်အသင်း ဗိုလ်စွဲမည့် အချိန်ရောက်ပြီဟု ရော်နယ်လ်ဒို ဆို

ကမ္ဘာ့ဖလားတွင် ဘရာဇီးလ်အသင်း ဗိုလ်စွဲမည့် အချိန်ရောက်ပြီဟု ရော်နယ်လ်ဒို ဆို
Published 13 June 2018

 

Photo: AFP

ဘရာဇီးလ်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူးရော်နယ်လ်ဒိုက ယခုကမ္ဘာ့ဖလားပြိုင်ပွဲသည် ဘရာဇီးလ်အသင်း ဗိုလ်စွဲမည့် အချိန်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပသည့် (၂၁)ကြိမ်စလုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုကို (၅)ကြိမ်အထိ ရယူကာ အအောင်မြင်ဆုံးအသင်း ဖြစ်သည်။

သို့သော် ဘရာဇီးလ်အသင်းသည် ဂျပန် နှင့် တောင်ကိုရီးယားတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုကို နောက်ဆုံးအကြိမ်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် (၈)ဂိုးသွင်းပြီး ဂိုးသွင်းဘုရင့်ဖြစ်ခဲ့သော ရော်နယ်လ်ဒိုက (၁၆)နှစ်ကြာပြီးနောက် ယခုအချိန်သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်း ဗိုလ်စွဲမည့်အချိန်ဖြစ်သည်ဟု ဆိုခဲ့ ခြင်း ဖြစ်သည်။ " ဒီအချိန်က ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားမှာ ချန်ပီယံပြန်ဖြစ်ရမယ့် အချိန်ပါ။ ဂျာမနီနဲ့ စပိန်တို့လည်း ရေပန်းစားနေပါတယ်။ ပြင်သစ်နဲ့ အာဂျင်တီးနားကလည်း ဒုက္ခပေးနိုင်ပါတယ်" ၎င်းကဆိုခဲ့သည်။

Most Read

Most Recent