စီးရီးအေနှင့် ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စီးရီးအေနှင့် ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 25 September 2018

အင်တာမီလန် နှင့် ဖီအိုရင်တီးနား (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

စက်တင်ဘာဟာ အင်တာမီလန်နည်းပြ စပယ်လက်တီအတွက် စိန်ခေါ်သံတွေပြည့်ကျပ်နေချိန်၊ မတည်ငြိမ်မှုတွေကြား လူးလွန့်ခဲ့ရချိန်ပါပဲ။ အခုလည်း ရာသီအစမှာ တန်ဖိုးများပြသထားနိုင်တဲ့ ဖီအိုရင်တီးနားနဲ့ အင်တာမီလန် ရင်ဆိုင်ရဦးမယ်။ ဖီအိုရင်တီးနားက နုပျိုသစ်လွင်စွာချီတက်နေတယ်။ အောင်ပွဲတွေဆက်တိုက် ရယူနေတာမျိုး မဟုတ်ပေမယ့် ပြိုင်ဘက်တိုင်းကို အခက်တွေ့စေနိုင်မယ့် စုဖွဲ့မှုရှိတယ်။ ဘယ်နာဆီ၊ ချီယေဆာ၊ ဆီမြွန်နီ၊ ဂျယ်ဆန်တို့ဟာ ဖီအိုရင်တီးနားအတွက် လက်ရှိအချိန်မှာ ကြယ်ပွင့်တွေလိုလင်းလက်နေတယ်။ မတည်ငြိမ်၊ မလုံခြုံတဲ့ အင်တာမီလန်ခံစစ်ကို ခြိမ်းခြောက်နိုင်တယ်။ ဒါပေမဲ့ အိမ်ကွင်း နောက်ဆုံး (၂)ပွဲမှာ (၁)ပွဲရှုံး၊ (၁)ပွဲသရေကျထားတဲ့အခြေအနေဆိုးကနေ အင်တာမီလန် ရုန်းထွက်ချင်နေလိမ့်မယ်။ အိမ်ကွင်း မှာ အင်တာမီလန် နိုင်ပွဲပြန်ရမယ့်ပွဲမျိုးပါပဲ။ အင်တာမီလန် (၂-၁)လောက်နဲ့ နိုင်မယ်။

ဝါဒါဘရီမင် နှင့် ဟာသာဘာလင် (အင်္ဂါည ၁၁း၀၀ နာရီ)

ရာသီအစမှာ တာထွက်ကောင်းနေတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာပါ။ဒါပေမဲ့ ဝါဒါဘရီမင်အသင်း အိမ်ကွင်းနိုင်ပွဲမရသေးလို့ ဟာသာဘာလင်အတွက်အခွင့်အရေးရှိနေတယ်။ ဟာသာဘာလင်ကိုပဲ ကြိုက်တယ်။

ဘိုင်ယန်မြူးနစ်နှင့် အော့စ်ဘတ် ( ဗုဒ္ဓဟူးနံနက် ၁း၀၀ နာရီ)

ဘိုင်ယန်မြူးနစ်က ရာသီအဖွင့်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက် နေတယ်။ ပွဲတိုင်းကို ဂိုးပြတ်အနိုင်ကစားထားတာဆိုပေမယ့် (၄)ပွဲမှာ (၂)ဂိုးအထက်ပြတ်တဲ့ပွဲက (၁)ပွဲပဲရှိခဲ့တာ တွေ့ရ တယ်။ ဒီပွဲပြီးရင်လည်း ဘိုင်ယန်က အော့စ်ဘတ်ထက် တောင့်တင်းတဲ့ ပြိုင်ဘက်တွေကို ဆက်တိုက်ရင်ဆိုင်ကစားဖို့ရှိနေ တာလည်း ထည့်တွက်ရမယ်။ အထူးသဖြင့် ပွဲစဉ်(၆)မှာ ဟာ သာဘာလင်နဲ့ကစားဖို့ရှိနေတဲ့ပွဲက ဘိုင်ယန်အတွက် အမှတ် ပေးဇယားမှာ အမှတ်ပိုဖြတ်နိုင်ဖို့ အရေးပါနေပါတယ်။ ဘိုင် ယန်နည်းပြ နီကိုကိုဗက်က ပွဲတိုင်းကို ကစားသမားအပြောင်း အလဲ လုပ်ဆောင်နေသူပါ။ အခု အော့စ်ဘတ်နဲ့ပွဲမှာ ပိုပြီးအ လှည့်အပြောင်းလုပ်ဖို့ ရာခိုင်နှုန်းများပါတယ်။ အော့စ်ဘတ် အသင်းကတော့ အမှတ်ပေးပွဲ နောက်ဆုံး(၂)ပွဲဆက် အရေး နိမ့်ထားပါတယ်။ ဒါပေမဲ့ ပွဲတိုင်းကို အားအင်အပြည့်၊ အာရုံစူး စိုက်မှုအပြည့်နဲ့ကစားနေတာ တွေ့ရတယ်။ ဘိုင်ယန် (၃)ဂိုး ပြတ်ဖို့ မလွယ်လောက်ဘူး။

ဖရိုင်းဘတ် နှင့် ရှော်လ်ကေး ( ဗုဒ္ဓဟူးနံနက် ၁း၀၀ နာရီ)

ရှော်လ်ကေးအသင်းကတော့ ရာနှုန်းပြည့်အရှုံးနဲ့ အခြေ အနေမဟန်တော့ဘူး။ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာဖြစ် ပေမယ့် အသင်းစိတ်ဓာတ်ပိုင်းပါ ထိခိုက်နိုင်တယ်။ နိုင်ပွဲစရထားတဲ့ ဖရိုင်းဘတ် အမှတ်ရလိမ့်မယ်။

ဟန်နိုဗာ နှင့် ဟော်ဖန်ဟင်မ် ( ဗုဒ္ဓဟူးနံနက် ၁း၀၀ နာရီ)

ဟန်နိုဗာအသင်း နိုင်ပွဲမရသေးပေမယ့် အဝေးကွင်း(၃) ပွဲကစားခဲ့ရတဲ့အပြင် နောက်ဆုံးရှုံးထားတဲ့(၂)ပွဲမှာလည်း မရှုံးသင့်တဲ့အခြေအနေတွေ တွေ့ခဲ့ရတယ်။ ဟော်ဖန်ဟင်မ် ကစားသမားပိုင်းသာပေမယ့် ဟန်နိုဗာဘက်ကပဲ ရပ်တည်သင့်တယ်။

Most Read

Most Recent