ဘွန်ဒစ်လီဂါပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်
Published 22 September 2018

ဟော်ဖန်ဟင်မ် နှင့် ဒေါ့မွန် (စနေည ၈း၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်း တန်းတက်ဒစ်ဆယ်ဒေါ့ဖ်ကို အရေးနိမ့်ခဲ့ရပေမယ့် အိမ်ကွင်းမှာတော့ အဆိပ်ရှိတဲ့အသင်းပါ။ ဒေါ့မွန်ရဲ့အဝေးကွင်းခြေစွမ်းကလည်း စိတ်မချရလို့ ဟော်ဖန်ဟင်မ် အမှတ်ရလိမ့်မယ်။

ဟာသာဘာလင် နှင့် မိုချန်ဂလာဘတ် (စနေည ၈း၀၀ နာရီ)

တာထွက်ကောင်းနေတဲ့ အသင်း(၂)သင်း တွေ့ဆုံမှုမှာ အိမ်ကွင်းပရိသတ်အားက များစွာစကားပြောနိုင်တယ်။ ဟာသာဘာလင် အနိုင်နဲ့သရေပါပဲ။

အော့စ်ဘတ် နှင့် ဝါဒါဘရီမင် (စနေည ၈း၀၀ နာရီ)

အော့စ်ဘတ်ရဲ့ရာသီအဖွင့်ရလဒ်ပိုင်း မဆိုးဘူး။ ဝါဒါဘရီမင်ကလည်း လတ်တလောမှာ ပုံစံကောင်းပြနေတယ်လို့ ဆိုရမယ်။ ဝါဒါဘရီမင်ကို ပိုကြိုက်တယ်။

ဝုလ်ဖ်ဘတ် နှင့် ဖရိုင်းဘတ် (စနေည ၈း၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်း အိမ်ကွင်း(၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုမျိုး အဖြစ်ခံမှာမဟုတ်ပါဘူး။ ဖရိုင်းဘတ် အဝေးကွင်းညံ့လို့ အိမ်ရှင် အနိုင်သေချာပါတယ်။

နုရင်ဘတ် နှင့် ဟန်နိုဗာ (စနေည ၈း၀၀ နာရီ)

ဟန်နိုဗာအနေနဲ့ ပွဲကျပ်တွေတောက်လျှောက်ကစားရလို့သာ နိုင်ပွဲမရသေးတာပါ။ နုရင်ဘတ်ကွင်းဖြစ်ပေမယ့် ဟန်နိုဗာ ရှုံးဖို့မရှိပါဘူး။

ရှော်လ်ကေး နှင့် ဘိုင်ယန်မြူးနစ် (စနေည ၁၁း၀၀ နာရီ)

(Photo by Francisco LEONG / AFP)

ရှော်လ်ကေးအသင်းရဲ့ ဘွန်ဒစ်လီဂါရာသီအဖွင့်ရလဒ်ပိုင်းတွေက မယုံကြည်နိုင်လောက်အောင် ဆိုးရွားနေတယ်။ ပြီးခဲ့တဲ့ရာသီ ဒုတိယရခဲ့တဲ့အသင်းက ဒီအခြေအနေလောက်အထိဖြစ်သွားမယ်လို့ ဘယ်သူမှ မျှော်လင့်ထားမယ်မထင်ပါဘူး။ ဒီလိုအခြေအနေမှာ ရှော်လ်ကေးအနေနဲ့ ဘိုင်ယန်လိုအသင်းကို ရင်ဆိုင်ကစားရမယ်ဆိုတော့ ရှုံးပွဲဆက်နေမှု ထပ်မတိုးသွားရင်ဘဲ အကောင်းဆုံးလို့ဆိုရလိမ့်မယ်။ ဒါပေမဲ့ ဘိုင်ယန်အသင်းမှာလည်း ဒဏ်ရာပြဿနာတွေရှိတယ်။ လက်ကျန်လူစာရင်းနဲ့ အကောင်းဆုံး Line-up ကို ပွဲထုတ်နိုင်ပေမယ့် အရန်အင်အားပိုင်းမှာတော့ အားနည်းမှုတွေရှိလာနိုင်တယ်။ ဂိုးပြတ်မရှုံးနိုင်တဲ့ ရှော်လ်ကေး ကိုပဲ ရွေးချင်တယ်။

 

 

 

 

Most Read

Most Recent