စီးရီးအေပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်
Published 22 September 2018

 

ပါးမား နှင့် ကာဂလီယာရီ (စနေည ရး၃၀ နာရီ)

ပါးမားက တန်ပြန်တိုက်စစ်တွေကို ပုံဖော်ပြီး အင်တာမီလန်လိုအသင်းဆီကနေ အမှတ်ပြည့်ယူနိုင်ခဲ့တယ်။ ဂျာဗင်ဟိုက ပါးမားတိုက်စစ်ကို ဦးဆောင်နေပြီး ကာဂလီယာရီခံစစ်ကိုလည်း ခြိမ်းခြောက်နိုင်လိမ့်မယ်။ ပါးမား နိုင်ဖို့များတယ်။

ဖီအိုရင်တီးနား နှင့် SPAL (စနေည ၁၀း၃၀ နာရီ)

အိမ်ကွင်းမှာ ဖီအိုရင်တီးနားရဲ့ ကစားပုံမာကျောပြီး တိုက်စစ်က ဂိုးပိုရလေ့ရှိတယ်။ ပြီးတော့ ဖီအိုရင်တီးနားမှာ ဂိုးသွင်းနိုင်တဲ့ကစားသမားတွေများတယ်။ SPAL ကတော့ ရာသီအစမှာ မမျှော်လင့်ဘဲ အမြင့်ပျံနေပြီး အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတယ်။ အစဉ်အလာအရလည်း ဖီအိုရင်တီးနားကို SPAL ဒုက္ခပေးနိုင်လို့ လက်ရှိအခြေအနေအရ ဖီအိုရင်တီးနား ပေါ့ဆလို့မရဘူး။ ဒါပေမဲ့ ဖီအိုရင်တီးနား အနိုင်သေချာတယ်။

ဆမ်ဒိုးရီးယား နှင့် အင်တာမီလန် (တနင်္ဂနွေနံနက် ၁း၀၀ နာရီ)

 (Photo by Miguel MEDINA / AFP)

ဆမ်ဒိုးရီးယားက ပေးဂိုးမရှိ ဂိုးပြတ်နိုင်ပွဲတွေကို (၂)ပွဲဆက် ပိုင်ဆိုင်ထားတယ်။ ဒီဖရဲလ်က ဆမ်ဒိုးရီးယားမှာ တစ်ကျော့ပြန်ခြေစွမ်းပြနေပြီး ဘာရတ်တို၊ လင်နတ်တီတို့ရှိနေတဲ့ ကွင်းလယ်ကလည်း အခွင့်အရေးဖန်တီးနိုင်စွမ်း မြင့်မားပါတယ်။ ဖရိုဆီနိုနီကို ဂိုးပြတ်နိုင်ခဲ့တာထက် နာပိုလီကို ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ ဆမ်ဒိုးရီးယားကွင်းလယ်နဲ့ တိုက်စစ်လုပ်အားနှုန်း တန်ဖိုးကို ပိုမြင်ခဲ့ရပါတယ်။ ဒီတော့ ကစားသမားသစ်တွေနဲ့ ကစားသမားဟောင်းတွေကို အချိုးအစားညီညွတ်စွာ မပေါင်းစပ်နိုင်သေးတဲ့ အင်တာမီလန်ဘက်ကို အိမ်ကွင်းမာဂုဏ်နဲ့အတူ ဆမ်ဒိုးရီးယား ဖိအားပေးနိုင်ပါလိမ့်မယ်။ စပါးနဲ့ ချန်ပီယံလိဂ်ပွဲမှာ အင်တာမီလန် ရလဒ်ကောင်းခဲ့ပေမယ့် ဒီပွဲမှာ ဆမ်ဒိုးရီးယားဆီကနေ အမှတ်ပြည့်ယူနိုင်ဖို့ မလွယ်ပါဘူး။ အပြန်အလှန်ဂိုးတွေ မြင်ရနိုင်ပြီး ဆမ်ဒိုးရီးယား အမှတ်ရမယ်။

Most Read

Most Recent