ပေါ့ဘာနှင့်ပတ်သက်ပြီး မန်ယူအသင်း၏ ၉၂ ရွှေရောင်မျိုးဆက်ကို အသင်းတိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ် ဝေဖန်

ပေါ့ဘာနှင့်ပတ်သက်ပြီး မန်ယူအသင်း၏ ၉၂ ရွှေရောင်မျိုးဆက်ကို အသင်းတိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ် ဝေဖန်
Photos : Gettyimages, Instagram
Photos : Gettyimages, Instagram
Published 19 March 2019

မန်ယူအသင်းတိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်က ကွင်းလယ်လူ ပေါ့ဘာနှင့် ပတ်သက်ပြီး ရုပ်သံအစီအစဉ်များတွင် အလွန်အမင်းဝေဖန်နေသည့် မန်ယူအသင်း၏ ၉၂ ရွှေရောင်မျိုးဆက်မှ ကစားသမားအချို့ကို ပြစ်တင်ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ၎င်းက ၉၂ မျိုးဆက်သည် ၂၀၁၂ တွင် ဂျူဗင်တပ်စ်အသင်းသို့ ပေါ့ဘာ ပြောင်းရွှေ့သွားသည်ကို မကြိုက်ခဲ့ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

''သူတို့ဟာ ဒီထက်ပိုပြီး လုပ်စရာမရှိ တော့ဘူး။ အချိန်တိုင်း ရုပ်သံတွေကနေ မ ကျေမနပ်ပြောနေကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ကလပ်နဲ့ပတ်သက်မှု မရှိတော့လို့ ပါပဲ။ ကလပ်မှာလုပ်ချင်ရင်တော့ ကိုယ်တိုင် လုပ်ဆောင်ရပါမယ်။ ပေါ့ဘာဟာ ငယ်ငယ် ကတည်က မန်ယူမှာရှိခဲ့သူပါ။ သူ အသင်းက ထွက်သွားပေမယ့် ပြန်လာခဲ့ပါတယ်။ ဖာဂူ ဆန်ရဲ့လောင်းရိပ်အောက်မှာရှိခဲ့တဲ့ သူတို့က နည်းပြကိုဆန့်ကျင်ပြီး ပေါ့ဘာ အသင်းက ထွက်ခဲ့တာကို မနှစ်သက်ပါဘူး။ အဖြေက တော့ သူတို့ဟာ ကစားသမားဘဝတစ်ခုလုံး ကို ဖာဂူဆန်အောက်မှာပဲ ရှိနေခဲ့တယ်။ ဖာဂူ ဆန်ရဲ့အဝေးကိုလည်း ထွက်မသွားခဲ့ပါဘူး။ သူတို့ပါးစပ်တွေကိုဟဖို့ ဖာဂူဆန် မပြောရင် ဘာစကားမှလည်း ထွက်လာမှာတော့ မဟုတ် ပါဘူး။ အခု သူတို့ပြောဆိုနေကြတာတွေက ဖာဂူဆန်ရဲ့ ခွင့်ပြုချက်ရ၊ မရဆိုတာ ကျွန် တော် မသိပါဘူး''ဟု အီဘရာဟီမိုဗစ်က ဗြိ တိန်သတင်းစာ Daily Mail သို့ ပြောကြားခဲ့သည်။ 

အီဘရာဟီမိုဗစ်အနေဖြင့် ၉၂ ရွှေ ရောင်မျိုးဆက်ထဲမှ မည်သူမည်ဝါကို အတိ အကျ ဝေဖန်ပြောကြားခြင်းမရှိသော်လည်း  ပေါ့ဘာကို ပစ်မှတ်ထားဝေဖန်ခဲ့ကြသည့် ဂယ်ရီနဗီးလ်၊ ပေါလ်စခိုးလ်တို့ကို အဓိကထား တုံ့ပြန်ခဲ့ခြင်းဖြစ်နိုင်ကြောင်း Daily Mail က အချက်အလက်များနှင့်တကွ ဖော်ပြခဲ့သည်။ 

မန်ယူအသင်းနည်းပြရာထူးမှ မော်ရင်ဟို ထုတ်ပယ်ခံရပြီး နာရီပိုင်းအကြာတွင် ပေါ့ဘာက Caption this! ဟုရေးသားကာ Instagram တင်ခဲ့သည့်ပုံအတွက် ဂယ်ရီနဗီးလ်၊ ပေါလ်စခိုးလ်တို့က ပြင်းထန်သည့်စကားလုံးများဖြင့် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

Most Read

Most Recent