မြန်မာအသင်းပွဲများကို MRTV မှ တိုက်ရိုက်ပြသမည်

မြန်မာအသင်းပွဲများကို MRTV မှ တိုက်ရိုက်ပြသမည်
Photos: MFF
Photos: MFF
Published 19 March 2019

မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း ယခုလအတွင်းယှဉ်ပြိုင်ကစားမည့် နိုင်ငံ တကာခြေစမ်းပွဲ(၂)ပွဲစလုံးကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာအသင်းသည် ခြေစမ်းပွဲများအဖြစ် ယနေ့ (မတ် ၁၉) ညနေ(၆းဝ၀)နာရီ တွင် တရုတ်တိုင်ပေအသင်း၊ မတ် (၂၅)ရက် ညနေ(၆းဝ၀)နာရီတွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နှစ်ပွဲစလုံးကို MRTV နှင့် My Sports Facebook တွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်(MFF) Facebook တွင် ဖော်ပြထားသည်။ 

ကွင်းဝင်ကြေးအဖြစ်မူ အထူးတန်း ၃၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၂၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

လက်မှတ်များကို မြန်မာ ဘောလုံးအကယ်ဒမီနှင့် မန္တလာသီရိကွင်း ၆၈ လမ်းဂိတ်ဝင်ပေါက်တွင် ရောင်းချပေးလျက်ရှိပြီး မြန််မာနှင့် အင်ဒိုနီးရှားတို့ ပွဲစဉ်ကိုလည်း အထက်ပါ အစီအစဉ်အတိုင်း လက်မှတ်များ ရောင်းချပေးသွားမည်ဟု MFF သတင်းထုတ်ပြန်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းလူစာရင်း

အုပ်ချုပ်သူ - ဦးမြင့်သိန်း၊ နည်းပြချုပ် - ဦးမျိုးမင်းထွန်း၊ လက်ထောက်နည်းပြ - ဦးဇော်လင်းထွန်း၊ ဦးစိုးမိုး၊ ကြံ့ခိုင်ရေးနည်းပြ - ဦးမျိုးလှိုင်ဦး၊ ဂိုးနည်းပြ - ဦးစိုင်းမောင်မာင်ဦး၊ ဂိုး - ကျော်ဇင်ထက်(ရန်ကုန်)၊ ကျော်ဇင်ဖြိုး(ဧရာဝတီ)၊ နိုင်ဇေယျာထွန်း(ဇွဲကပင်)၊ နောက်တန်း- ထိုက်ထိုက်အောင်၊ (ရှမ်း)၊ သက်နိုင်၊ ဇော်ရဲထွန်း၊ ဟိန်းနေဆန်း(ရတနာပုံ)၊ ဇော်မင်းထွန်း(ချောင်ဘူရီ)၊ ငြိမ်းချမ်း(ရခိုင်)၊ ပြည့်ဖြိုးဇော်၊ မင်းကျော်ခန့်(ရန်ကုန်)၊ ကျော်ဇင်လွင်(ဧရာဝတီ)၊ အလယ်တန်း - လှိုင်းဘိုဘို(ရတနာပုံ)၊ မောင်မောင်ဝင်း(ဇွဲကပင်)၊ လားဒင်မောရ(ဟံသာဝတီ)၊ ရန်နိုင်ဦး(ရှမ်း)၊ အောင်လှိုင်ဝင်း၊ ကျော်စွာမင်း(စစ်ကိုင်း)၊ မောင်မောင်လွင်၊ ငြိမ်းချမ်းအောင်(ရန်ကုန်)၊ ရှေ့တန်း - အောင်သူ(မြောင်တောင်)၊ ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ်(ရှမ်း)၊ အောင်မြင့်ထွန်း(မကွေး)၊ ဝင်းနိုင်စိုး(ရတနာပုံ)

Most Read

Most Recent