ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 15 February 2019

ယနေ့ညတွင် FA ဖလားပွဲစဉ် (၁) ပွဲ၊ လာလီဂါပွဲစဉ် (၁) ပွဲ၊ စီးရီးအေပွဲစဉ် (၁) ပွဲ၊ ဘွန်ဒစ်လီဂါပွဲစဉ် (၁) ပွဲနှင့် လီဂူးပွဲစဉ် (၂)ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

QPR နှင့် ဝက်ဖို့ဒ် (စနေနံနက် ၂:၁၅ နာရီ)

QPR က ပြီးခဲ့တဲ့အဆင့်တွေမှာ လိဒ်စ်လိုအသင်းမျိုးနဲ့ ပို့စ်မောက်တို့ကို ကျော်ဖြတ်လာတဲ့အသင်းဖြစ်ပြီး နှစ်သင်းစလုံးကို အိမ်ကွင်းတွေမှာ ကျော်နိုင်ခဲ့တာဖြစ်တယ်။ ဝက်ဖို့ဒ်ကတော့ ဝိုကင်းကိုရော၊ ဝက်စ်ဟမ်းကိုပါ အဝေးကွင်းတွေမှာ နိုင်ပြီး ဒီအဆင့်ရောက်လာတာပါ။ ဝက်ဖို့ဒ်က အနိုင်ရခဲ့တဲ့နှစ်ပွဲစလုံး ပေးဂိုးမရှိ ကျော်ဖြတ်ခဲ့တာဖြစ်သလို၊ လက်ရှိအချိန်မှာလည်း ခြေစွမ်းတည်ငြိမ်နေတဲ့အသင်းဖြစ်တယ်။ QPR ရဲ့အိမ်ကွင်းကစားအား မဆိုးဘူးဆိုပေမယ့် ဝက်ဖို့ဒ်ပဲ နိုင်မှာပါ။ 

အီဘာ နှင့် ဂီတာဖေး (စနေနံနက် ၂:၃၀ နာရီ)

ဂီတာဖေးကတော့ အဆင့် (၄)နေရာမျှော်လင့်ချက် အားကောင်းလာနေလို့ အမှားခံမှာမဟုတ်ဘူး။ ဒါပေမဲ့ အဝေးကွင်းမှာ တိုက်စစ်ပျောက်ပြီး နိုင်ပွဲရဖို့ ရုန်းကန်ရတတ်လို့ အီဘာလို အိမ်ကွင်းအားနဲ့ကစားတတ်တဲ့အသင်းကို မနည်းတောင့်ခံကစားရဖို့ရှိတယ်။ အီဘာနဲ့ ဂိုးအများပဲရွေးထားကြည့်ချင်တယ်။



ဂျူဗင်တပ်စ် နှင့် ဖရိုဆီနိုနီ (စနေနံနက် ၂:၀၀ နာရီ)

ဆမ်ဒိုးရီးယားကို အဝေးကွင်းမှာ အနိုင်ရလိုက်တာဟာ ဖရိုဆီနိုနီအတွက် မယုံနိုင်စရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအရှိန်နဲ့ ဂျူဗင်တပ်စ်ဆီက တစ်မှတ်ရရှိဖို့မျှော်လင့်နေမယ်ဆိုရင် စိတ်ကူးယဉ်ဆန်လွန်းပါလိမ့်မယ်။ ဂျူဗင်တပ်စ်က ဒီပွဲပြီးရင် ချန်ပီယံလိဂ်ကစားရမယ်ဆိုပေမယ့် ဖရိုဆီနိုနီကို အနိုင်မရစရာအကြောင်း မရှိပါဘူး။ ဂျူဗင်တပ်စ် (၂)ဂိုးထက် ပိုပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်ထင်တယ်။

အော့စ်ဘတ် နှင့် ဘိုင်ယန်မြူးနစ် (စနေနံနက် ၂:၀၀ နာရီ)

အမှတ်ပေးပွဲ နောက်ဆုံး(၁၂)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့တဲ့ အော့စ်ဘတ်အသင်း တန်းဆင်းဇုန်ထဲမကျရောက်သွားဖို့ ရုန်းကန်ရတော့မယ့်အချိန်ပါပဲ။ အသင်းအတွက် အရေးကြီးကာလကို ရောက်နေချိန်မှ အားထားရတဲ့ ဖင်ဘော်ဂါဆန်လည်း ဒဏ်ရာရသွားခဲ့တယ်။ ဘိုင်ယန်ကတော့ အခုပွဲပြီးရင် လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ကစားရဖို့ရှိနေတာ ထည့်တွက်ရမယ်။ ကြားမှာ (၃)ရက်အနားရဖို့ရှိပေမယ့် ဘိုင်ယန်နည်းပြ နီကိုကိုဗက်အနေနဲ့ ပွဲထွက်ကစားသမားပိုင်းကို အပြောင်းအလဲလုပ်လာဖို့တော့ ရှိတယ်။ ဘိုင်ယန်အတွက် နိုင်ပွဲမဖြစ်မနေလိုအပ်နေပေမယ့် ချန်ပီယံလိဂ်ကြောင့် နိုင်ရုံလောက်ပဲ ကစားသွားမလား စဉ်းစားရမယ်။ အော့စ်ဘတ်နဲ့ စွန့်စားတာ ပိုကောင်းမယ်ထင်တယ်။ 

နီးစ် နှင့် ဒီယွန်း (စနေနံနက် ၀၀:၃၀ နာရီ)

နီးစ် တိုက်စစ်ဂိုးပေါက်တွေ့မှုနဲ့အတူ ရလဒ်တွေ အတက်ဘက်ရောက်လာတယ်။ ဒီယွန်းက တဖြည်းဖြည်းနဲ့ တန်းဆင်းဇုန်နားကပ်လာပြီး ဒီပွဲမှာလည်း ရှုံးပွဲဆက်ပါဦးမယ်။

လိုင်ယွန် နှင့် ဂူအင်ဂမ့် (စနေနံနက် ၂:၁၅ နာရီ)

နိုက်စ်ကို ရှုံးနိမ့်ခဲ့တာကြောင့် လိုင်ယွန် အရှိန်တန့်သွားပြီး ချန်ပီယံလိဂ်လည်း ရှိနေတယ်။ ဂူအင်ဂမ့်ကို သေချာပေါက်အနိုင်ကန်မှာဖြစ်ပေမယ့် ဂိုးတော့ မပြတ်နိုင်ဘူး။

 

Most Read

Most Recent