မိမိတို့သည် လက်ရှိအချိန်ကာလအတွက်သာမက အနာဂတ်အတွက်ပါ တောင့်တင်းခိုင်မာအောင် တည်ဆောက်နေခြင်းဖြစ်သည်ဟု ပီရက်ဇ် ဆို

မိမိတို့သည် လက်ရှိအချိန်ကာလအတွက်သာမက အနာဂတ်အတွက်ပါ တောင့်တင်းခိုင်မာအောင် တည်ဆောက်နေခြင်းဖြစ်သည်ဟု ပီရက်ဇ် ဆို
Photos : Gettyimages
Photos : Gettyimages
Published 8 January 2019

ရီးယဲလ်အသင်းသည် မန်စီးတီးအသင်းမှ အသက်(၁၉)နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမား ဒီယက်ဇ်ကို ခေါ်ယူခဲ့ပြီး တနင်္လာနေ့တွင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်က မိမိတို့သည် လက်ရှိအချိန်ကာလအတွက်သာမက အနာဂတ်အတွက်ပါ တောင့်တင်းခိုင်မာအောင် တည်ဆောက်နေခြင်းဖြစ်သည်ဟု ဒီယက်ဇ်၏ မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

    

ရီးယဲလ်အသင်းသည် မန်စီးတီးအသင်းမှ အသက်(၁၉)နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမား ဒီယက်ဇ်ကို ခေါ်ယူခဲ့ပြီး တနင်္လာနေ့တွင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းမိတ်ဆက်ပွဲတွင် ပီရက်ဇ်က ''အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ ကျွန်တော်တို့က ဒီလို အရည်အသွေးမြင့် လူငယ်ကစားသမားတွေနဲ့ လက်ရှိအချိန်မှာ ရော အနာဂတ်မှာပါ တောင့်တင်းတဲ့အသင်းဖြစ်အောင် တည်ဆောက်နေတာပါ။ အောင်မြင်တဲ့အချိန်တွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ ခက် ခဲတဲ့အခိုက်အတန့်တွေကို ကျော်ဖြတ်ရစမြဲပါပဲ။ ကျွန်တော်တို့အသင်းက အနာဂတ်တောင်းဆိုမှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ''ဟု ပြောကြားခဲ့သည်။



    

ဒီယက်ဇ်သည် ရီးယဲလ်အသင်းတွင် ကျောနံပါတ်(၂၁)ဝတ်ဆင်သွားမည်ဖြစ်ပြီး ယင်းနံပါတ်မှာ လက်ရှိရီးယဲလ်နည်းပြ ဆိုလာ ရီ ကစားသမားဘဝက ဝတ်ဆင်ခဲ့သည့်နံပါတ် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဒီယက်ဇ်သည် အဆိုပါမိတ်ဆက်ပွဲတွင် မိမိအနေဖြင့် မန်စီးတီးမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အချက်(၃)ချက်အပေါ်မူတည်ခဲ့ပြီး ယင်း(၃)ချက်စလုံးမှာ ရီးယဲလ်အသင်းတွင် ကစားခွင့်ရရှိရန်သာဖြစ်ကြောင်း၊ အခြားမည်သည့်အသင်းတွင်မျှ မကစားလိုကြောင်း ဆိုခဲ့သည်။