ပရီးမီယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ပါဝင်နေဆဲဟု ယာဂန်ကလော့ပ်ပြောကြား

ပရီးမီယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ပါဝင်နေဆဲဟု ယာဂန်ကလော့ပ်ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 December 2018

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ယခုရာသီပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မည်သည့်အသင်းမှ အာမခံချက်မရှိကြောင်းနှင့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့မှာလည်း ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) နှင့် (၅) နေရာတို့တွင် ရပ်တည်နေသည့်  ချယ်လ်ဆီးနှင့် အာဆင်နယ်တို့မှာ ပွဲစဉ် (၁၇) အပြီး၌ ထိပ်ဆုံးမှ လီဗာပူးလ်နှင့် (၁၁) မှတ်အထိကွာဟနေသော်လည်း ကလော့ပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က ''ချန်ပီယံလမ်းကြောင်းကနေ ထိပ်တန်းအသင်းတွေ သွေဖယ်သွားပြီလို့ ကျွန်တော်ကတော့ မထင်ပါဘူး။ စပါးအသင်းနည်းပြ ပိုချက်တီနိုက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ လီဗာပူးလ်တို့က အပြတ်အသတ်ရေပန်းစားနေတယ်လို့ ပြောကြားခဲ့ပေမယ့် အဲဗာတန်နဲ့ပွဲမှာ စပါးအသင်းရဲ့စွမ်းဆောင်မှုက အံ့မခန်းပါပဲ။ ကောင်းတယ်ဆိုတာထက်တောင် ပိုကောင်းနေပါသေးတယ်။ ဒီတော့ စပါးအသင်းကိုလည်း ချန်ပီယံလောင်းစာရင်းကနေ ထုတ်ပယ်လို့မရသေးသလို ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ကလည်း အဲဒီလိုပါပဲ။ ဒီတော့ ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းမှာ အသင်းတွေအများကြီး ရှိနေဆဲပါ။ ဒါကြောင့် ဘယ်အသင်းမှ ချန်ပီယံဆုအတွက် အာမခံချက်မရှိပါဘူး'' ဟုပြောကြားခဲ့သည်။

ပရီးမီးယားလိဂ် နောက်ဆုံး (၁၀)ရာသီအတွင်း (၈) ရာသီမှာ ခရစ္စမတ်ကာလ၌ အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည့် အသင်းများက ဗိုလ်စွဲနိုင်ခဲ့ပြီး လွဲချော်ခဲ့သည့် (၂) ကြိမ်စလုံးမှာလီဗာပူးလ်အသင်းဖြစ်ကြောင်းသိရသည်။

လီဗာပူးလ်အသင်းသည် ၂၀၀၈-၀၉ ရာသီနှင့် ၂၀၁၃-၁၄ ရာသီတို့တွင် ခရစ္စမတ်ကာလ၌ အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့သော်လည်း ယင်း (၂)ရာသီစလုံး ရာသီအကုန်တွင် ဒုတိယနေရသာ ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent