မန်ယူအသင်းတွင် မော်ရင်ဟို နည်းပြသက်တမ်းတစ်လျှောက် ရှုံးပွဲအများဆုံးဖြစ်ခဲ့

မန်ယူအသင်းတွင် မော်ရင်ဟို နည်းပြသက်တမ်းတစ်လျှောက် ရှုံးပွဲအများဆုံးဖြစ်ခဲ့
Photo: PA
Photo: PA
Published 18 December 2018

 

နည်းပြရာထူးမှထုတ်ပယ်ခံခဲ့ရသည့် မော်ရင်ဟိုသည် ၎င်း၏ နည်းပြသက်တမ်းတစ်လျှောက် မန်ယူအသင်းတွင် ရှုံးပွဲအများဆုံးကြုံတွေ့ခဲ့ရကြောင်း သိရသည်။

အသက် (၅၅)နှစ်ရှိ် မော်ရင်ဟိုသည် နည်းပြဘဝတွင် ဘင်ဖီကာ၊ လိုင်ရီယာ၊ ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ် စသည့်အသင်းများကို ကိုင်တွယ်ခဲ့ကာ အောင်မြင်မှုများစွာရယူနိုင်ခဲ့ပြီး ချယ်လ််ဆီးအသင်းမှ ဒုတိယအကြိမ်ထုတ်ပယ်ခံရချိန်၌ ရှုံးပွဲ(၂၇)ပွဲ ရှိခဲ့သည်။

သို့သော် ဒီဇင်ဘာ (၁၆) ရက်က လီဗာပူးလ်အသင်းအား အရေးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်းနှင့်အတူ ရှုံးပွဲအရေအတွက်မှာ (၂၈) ပွဲအထိ ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မော်ရင်ဟိုသည် မန်ယူအသင်းနှင့်အတူ ရရှိခဲ့သည့် နိုင်ပွဲရာခိုင်နှုန်းမှာလည်း (၅၈.၃)သာရှိခဲ့ပြီး ပေါ်တို၊ ချယ်လ်ဆီး(ပထမအကြိမ်)၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ် တို့ကို ကိုင်တွယ်ခဲ့စဉ်ကထက် ပိုမိုနည်းပါးလျက်ရှိသည်။

မော်ရင်ဟို၏နည်းပြဘဝတစ်လျှောက် နိုင်ပွဲရာခိုင်နှုန်းအများဆုံးရခဲ့သည့်အသင်းများမှာ ပေါ်တိုနှင့်ရီးယဲလ်မက်ဒရစ်အသင်းတို့ဖြစ်ပြီး နိုင်ပွဲ  (၇၁)ရာခိုင်နှုန်းကျော်အထိ ရှိခဲ့သည်။

မော်ရင်ဟိုသည် မန်ယူအသင်းနည်းပြအဖြစ် (၂)နှစ်ခွဲတာကာလအတွင်း စုစုပေါင်း (၁၄၄)ပွဲကိုင်တွယ်ခဲ့ကာ (၈၄)ပွဲနိုင်၊ (၃၂)ပွဲသရေ၊ (၂၈)ပွဲ ရှုံးနိမ့်ခဲ့ပြီး နည်းပြဘဝရှုံးပွဲအများဆုံးမှတ်တမ်းနှင့်အတူ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

 

မော်ရင်ဟို၏နည်းပြဘဝမှတ်တမ်း

ဘင်ဖီကာ (၁၁)ပွဲ၊ (၆)နိုင်၊ (၃)သရေ၊ (၂)ပွဲရှုံး (၅၄.၅%)

လိုင်ရီယာ (၂၀)ပွဲ၊ (၉)နိုင်၊ (၇)သရေ၊ (၄)ပွဲရှုံး (၄၅.၀%)

ပေါ်တို (၁၂၇)ပွဲ၊ (၉၁)နိုင်၊ (၂၁)သရေ၊ (၁၅)ပွဲရှုံး (၇၁.၇%)

ချယ်လ်ဆီး (၁၈၅)ပွဲ၊ (၁၂၄)နိုင်၊ (၄၀)သရေ၊ (၂၁)ပွဲရှုံး (၆၇.၀%)

အင်တာမီ်လန် (၁၀၈)ပွဲ၊ (၆၇)နိုင်၊ (၂၆)သရေ၊ (၁၅)ပွဲရှုံး (၆၂.၀%)

ရီးယဲလ်မက်ဒရစ် (၁၇၈)ပွဲ၊ (၁၂၈)နိုင်၊ (၂၈)သရေ၊ (၂၂)ပွဲရှုံး (၇၁.၉%)

ချယ်လ်ဆီး (၁၃၀)ပွဲ၊ (၈၀)နိုင်၊ (၂၉)သရေ၊ (၂၇)ပွဲရှုံး (၅၃.၈%)

မန်ယူ (၁၄၄)ပွဲ၊ (၈၄)နိုင်၊ (၃၂)သရေ၊ (၂၈)ပွဲရှုံး (၅၈.၃%)

မော်ရင်ဟို၏မန်ယူအသင်းနှင့်အောင်မြင်မှုများ

ယူရိုပါလိဂ်(၂၀၁၆-၁၇)

လိဂ်ဖလား (၂၀၁၆-၁၇)

ကွန်မြူနတီဒိုင်း ((၂၀၁၆)