လေးနှစ်အတွင်း မက်ဆီ၏ဖရီးကစ်သွင်းဂိုးမှာ ဥရောပထိပ်တန်းကလပ်များ၏သွင်းဂိုးထက် ပိုများ

လေးနှစ်အတွင်း မက်ဆီ၏ဖရီးကစ်သွင်းဂိုးမှာ ဥရောပထိပ်တန်းကလပ်များ၏သွင်းဂိုးထက် ပိုများ
Photo : AFP, Twitter
Photo : AFP, Twitter
Published 10 December 2018

ဘာစီလိုနာအသင်းခေါင်းဆောင် တိုက် စစ်မှူး မက်ဆီ၏ ဖရီးကစ်ဂိုးအရေအတွက်  မှာ နောက်ဆုံးလေးနှစ်အတွင်း ဥရောပထိပ် တန်းကလပ်များရရှိထားသည့် ဖရီးကစ်သွင်း ဂိုးထက် ပိုများသွားပြီဖြစ်ကြောင်း သိရသည်။

မက်ဆီသည် ဒီဇင်ဘာ ၈ ရက်က ကတ် တလန်ဒါဘီပြိုင်ဘက် အက်စ်ပန်ညိုအသင်း အား လေးဂိုးပြတ်အနိုင်ရသည့် အဝေးကွင်း ပွဲ၌ အဖွင့်ဂိုးနှင့် နောက်ဆုံးဂိုးသွင်းယူပေးခဲ့ ပြီး နှစ်ဂိုးစလုံးကို ပြစ်ဒဏ်ဘောမှ တိုက်ရိုက် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ 

မက်ဆီသည် လာလီဂါပွဲစဉ်တစ်ပွဲ၌ ပြစ်ဒဏ်ဘောမှ နှစ်ဂိုး သွင်းယူနိုင်ခြင်းမှာ ကစားသမားဘဝတစ် လျှောက် ပထမဆုံးအကြိမ်ဖြစ်သည်။ 

ထို့ပြင် ၂၀၁၄ ခုနှစ်မှစ၍ လေးနှစ်အတွင်း ၎င်းင်း၏ ဖရီးကစ်သွင်းဂိုးအရေအတွက်မှာ ၁၉ ဂိုးရှိ လာပြီး ဥရောပထိပ်တန်းလိဂ်ငါးခုမှ ကလပ် အသင်းများထက်ပင် ပိုများကြောင်း သိရ သည်။ 

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်း က လေးနှစ်အတွင်း ဖရီကစ်သွင်းဂိုး ၁၈ ဂိုး ရရှိထားပြီး ၎င်းင်း၏နောက်တွင် လိုင်ယွန်၊ ရီးယဲလ်နှင့် ရိုးမားအသင်းက ၁၄ ဂိုးစီ၊ ဘိုင် ယန်မြူးနစ်အသင်းက ၁၃ ဂိုး၊ ဆမ်ဒိုးရီးယား၊ မိုနာကိုနှင့် PSG အသင်းက ၁၂ ဂိုးစီ၊ ချယ်လ် ဆီး၊ လီဗာပူးလ်နှင့် အေစီမီလန်အသင်းက ၁၁ ဂိုးစီ သွင်းယူထားရာ မက်ဆီ၏သွင်းဂိုးမှာ  ယင်းအသင်းများထက် ပိုများနေခြင်းဖြစ် သည်။ 

ထို့ပြင် မက်ဆီသည် လာလီဂါပြိုင်ပွဲ၌ ၁၃ ရာသီဆက်တိုက် ၁၀ ဂိုးနှင့်အထက် သွင်း ယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် လည်း စံချိန်သစ်ရေးထိုးနိုင်ခဲ့သည်။

Most Read

Most Recent