အီတလီစီးရီးအေပွဲစဉ်(၁၅) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၁၅) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 8 December 2018

နာပိုလီ နှင့် ဖရိုဆီနိုနီ (စနေည ၈း၃၀ နာရီ)

ဒီပွဲပြီးရင် နာပိုလီက လီဗာပူးလ်နဲ့ အရေးပေါ်ချန်ပီယံလိဂ်ပွဲ စီးချင်းထိုးရမယ်။ နာပိုလီရဲ့ အာရုံတွေဟာ လီဗာပူးလ်နဲ့ပွဲဆီ ရောက်ရှိနေမှာ အမှန်ပဲ။ ဒါပေမဲ့ ဖရိုဆီနိုနီက အဝေးကွင်း(၇)ပွဲမှာ ဂိုးမပေးခဲ့ရတာ (၁)ပွဲပဲရှိခဲ့ပြီး အဝေးကွင်းခံစစ်စည်းရိုး မလုံခြုံပါဘူး။ အိမ်ကွင်းမှာ တစ်ပွဲပျမ်းမျှ (၂)ဂိုး သွင်းယူထားနိုင်တဲ့ နာပိုလီတိုက်စစ်ကိုလည်း ဖရိုဆီနိုနီ တားဆီးရခက်ပါလိမ့်မယ်။ နာပိုလီ (၂)ဂိုးပြတ် အောင်ပွဲရပါမယ်။

ကာဂလီယာရီ နှင့် ရိုးမား (စနေည ၁၁း၃၀ နာရီ)

ကာဂလီယာရီရဲ့ တိုက်ပွဲဝင်စိတ်ဓာတ် မြင့်မားနေတယ်။ နောက်ဆုံး (၆)ပွဲမှာ ဂျူဗင်တပ်စ်တစ်သင်းကိုသာ အညံ့ခံထားရပါတယ်။ အိမ်ကွင်းမှာ ရှုံးပွဲလုံးဝမရှိသေးတာလည်း ဖိအားတွေကြား လူးလွန့်နေရတဲ့ ရိုးမားအတွက် ခက်ခဲမယ့်စိန်ခေါ်မှုပါပဲ။  အဝေးကွင်းပွဲစဉ်တွေမှာ တစ်ဂိုးထက်ပိုပြီးရရှိဖို့ ရုန်းကန်နေရတဲ့ ရိုးမားတိုက်စစ်က ကာဂလီယာရီရဲ့ အိမ်ကွင်းမာဂုဏ်ကြောင့် အခက်တွေ့ပါဦးမယ်။ ကာဂလီယာရီ အမှတ်ရမယ်။

လာဇီယို နှင့် ဆမ်ဒိုးရီးယား (တနင်္ဂနွေနံနက် ၂းဝ၀ နာရီ)

ဆမ်ဒိုးရီးယားအတွက် လာဇီယိုဟာ ထိတ်လန့်ဖွယ်ရာ နတ်ဆိုးပဲ။ အစဉ်အလာအရ လာဇီယိုနဲ့ ရင်ဆိုင်ရတိုင်း ဆမ်ဒိုးရီးယား အရှက်တကွဲအရေးနိမ့်လေ့ရှိပါတယ်။ လက်ရှိဆမ်ဒိုးရီးယားကလည်း တည်ငြိမ်ခါစ၊ ပြီးခဲ့တဲ့တစ်ပတ်ကမှ နိုင်ပွဲပျောက် ဆုံးမှုဝေဒနာကို ရပ်တန့်ထားနိုင်ခဲ့တယ်။ ဒါပေမဲ့ လာဇီယိုက ဒီရာသီ စီးရီးအေအိမ်ကွင်းပွဲစဉ်တွေမှာ ဂိုးသွင်းနှုန်းသိပ်မတည်ငြိမ်လို့ (၂-၁)လောက်နဲ့ပဲ နိုင်မယ်ထင်တယ်။

Most Read

Most Recent