စပိန်ဘုရင့်ဖလား (၃၂)သင်းအဆင့်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်
ဗလင်စီယာ နှင့် အယ်ဘရို ( ဗုဒ္ဓဟူးနံနက် ၁းဝ၀ နာရီ )
အယ်ဘရိုက ဗလင်စီယာအသင်းကို အိမ်ကွင်းမှာတုန်းက ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဗလင်စီယာအသင်း တစ်ယောက်အသာ နဲ့တောင် နောက်ကလိုက်ကစားခဲ့ရတာပါ။ ဒါပေမဲ့ လက်ရှိဗလင် စီယာရဲ့ခြေစွမ်းက ပထမအကျော့နဲ့ ကွာခြားနေပါပြီ။ ဗလင်စီ ယာနဲ့ ဂိုးအများကိုပဲ ရွေးချယ်သင့်ပါတယ်။
ဂီတာဖေး နှင့် ကော်ဒိုဘာ ( ဗုဒ္ဓဟူးနံနက် ၁းဝ၀ နာရီ )
ကော်ဒိုဘာကို နောက်ကလိုက်ပြီး အနိုင်ယူခဲ့ရတာ ကြောင့် ဒီပွဲမှာ ဂီတာဖေး ဖိဖိစီးစီးကစားဖို့များပါတယ်။ ဂီတာ ဖေး ဂိုးပြတ်အနိုင်ရမှာ သေချာပါတယ်။
ဗယ်လက်ကာနို နှင့် လီဟာနက်စ် ( ဗုဒ္ဓဟူးနံနက် ၂းဝ၀ နာရီ )
ခြေစွမ်းချင်းမကွာခြားတဲ့ လာလီဂါနှစ်သင်းရဲ့အားပြိုင်မှု က ပထမအကျော့မှာ သရေရလဒ်ထွက်ပေါ် ခဲ့တာကြောင့် အ ကြိတ်အနယ်ရှိဦးမှာပါ။ ဗယ်လက်ကာနိုက အိမ်ကွင်းမှာ နိုင်ပွဲ ဆက်နေပြီး လီဟာနက်စ်ကိုလည်း အသာစီးရထားပါတယ်။ အိမ်ရှင်ကိုပဲ ကြိုက်ပါတယ်။
အက်စ်ပန်ညို နှင့် ကာဒစ်ဇ် ( ဗုဒ္ဓဟူးနံနက် ၃းဝ၀ နာရီ )
ပြိုင်ပွဲစုံ (၇)ပွဲဆက်အနိုင်ရထားတဲ့ ကာဒစ်ဇ်အသင်းရဲ့ စွမ်းဆောင်ရည်ကတော့ အားရစရာပါပဲ။ ဒါကြောင့် လာလီဂါမှာ ရှုံးပွဲဆက်နေတဲ့ အက်စ်ပန်ညိုအသင်းအနေနဲ့ အိမ်ကွင်းဖြစ်ပေ မယ့် ကာဒစ်ဇ်ကို ရှုံးေ<ကးပြန်ဆပ်ဖို့ ခက်ခဲနိုင်ပါတယ်။
ကိုပါအီတာလီယာ စတုတ္ထအဆင့် ပွဲကြိုသုံးသပ်ချက်
ဘင်နီဗန်တို နှင့် စစ်တာဒယ်လာ ( အင်္ဂါည ၈း၃၀ နာရီ )
စီးရီးဘီအသင်းအချင်းချင်းတွေ့ဆုံမှုဖြစ်တဲ့အပြင် အမှတ် ပေးဇယားမှာလည်း ရပ်တည်မှုသိပ်မကွာလို့ အကြိတ်အနယ်ရှိ နိုင်ပါတယ်။ မိနစ်(၉၀)အတွင်း ရှုံးဖို့မရှိတဲ့ ဘင်နီဗန်တိုကိုပဲ ရွေး ချင်တယ်။
ဘိုလော့ဂ်နာ နှင့် ခရိုတိုနီ ( အင်္ဂါည ၁၁း၃၀ နာရီ )
ခရိုတိုနီက ပြီးခဲ့တဲ့ရာသီကမှ စီးရီးအေကနေ တန်းဆင်း ခဲ့ရတဲ့အသင်းပါ။ ဒါပေမဲ့ စီးရီးဘီမှာလည်း (၆)ပွဲဆက် နိုင်ပွဲ ပျောက်ပြီး ရုန်းကန်နေရတယ်။ ဘိုလော့ဂ်နာကလည်း အခြေ အနေမဟန်ပေမယ့် ဒီပွဲတော့ အနိုင်ကစားမှာပါ။
ဆမ်ဒိုးရီးယား နှင့် SPAL ( ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ )
ဆမ်ဒိုးရီးယားအသင်းက နောက်ဆုံးကစားတဲ့ပွဲမှာ ဂိုး ပြတ်နိုင်ပွဲနဲ့ (၆)ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်ထား နိုင်ခဲ့တယ်။ ကိုပါအီတာလီယာမှာလည်း နောက်ပိုင်းနှစ်တွေမှာ ဆမ်ဒိုးရီးယားအသင်း ဒီအဆင့်ကို အမြဲကျော်ဖြတ်နိုင်ခဲ့ပါ တယ်။ SPAL က တန်းဆင်းဇုန်ဘက် အာရုံစိုက်ရမှာမို့လို့ ဆမ် ဒိုးရီးယား အနိုင်သေချာပါတယ်။