ဆွစ်ဇာလန်ပရိသတ်များ မြို့မှားပြီး ဟိုတယ်ဘွတ်ကင်ပြုလုပ်

ဆွစ်ဇာလန်ပရိသတ်များ မြို့မှားပြီး ဟိုတယ်ဘွတ်ကင်ပြုလုပ်
Published 20 June 2018

Photo: Channel NewsAsia

 

ဘရာဇီးလ်-ဆွစ်ဇာလန်ပွဲကို လာရောက်အားပေးခဲ့သည့် ဆွစ်ဇာလန်ပရိသတ်အုပ်စုတစ်စုသည် မြို့မှားပြီး ဟိုတယ်ဘွတ်ကင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို ရော့စတော့ဗ်အွန်ဒွန်မြို့တွင် ဇွန် (၁၇) ရက်က ကစားခဲ့ခြင်းဖြစ်ပြီး ၎င်းပရိသတ်များမှာ ယင်းမြို့နှင့် (၁၂၈၁) ကီလိုမီတာကွာဝေးသည့် ရော့စတော့ဗ်ဗယ်လီကီမြို့ရှိဟိုတယ်ကို ဘွတ်ကင်တင်ခဲ့ခြင်းဖြစ်သည်။

ပရိသတ်များသည် ဟိုတယ်ကိုရှာမတွေ့သည့်အချိန်တွင် ရဲတပ်ဖွဲ့ထံသို့ အကူအညီ တောင်းခံခဲ့ပြီး ဘာသာပြန်မှတစ်ဆင့် ပြန်လည်ရှင်းပြခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရုရှားသည် ပြိုင်ပွဲကာလအတွင်း စပိန်၊ အင်္ဂလိပ်၊ အာရေဗျ၊ ပြင်သစ်စသည့် ဘာသာစကားလေးမျိုးပြောနိုင်သည့် ကျွမ်းကျင်ဘာသာပြန်များနှင့် စေတနာ့ဝန်ထမ်းများထားရှိကာ အကူအညီပေးလျက်ရှိသည်။

Most Read

Most Recent