အမေရိကန်-အီရန် ပဋိပက္ခနှင့်ပတ်သက်သည့် နောက်ဆုံးရ သတင်းများ

အမေရိကန်-အီရန် ပဋိပက္ခနှင့်ပတ်သက်သည့် နောက်ဆုံးရ သတင်းများ
Published 24 July 2026

- ထရမ့်၏ ခြိမ်းခြောက်မှုကို အီရန် ရှုတ်ချ

အီရန်၏ ပိုင်ဆိုင်မှုများကို အသုံးပြုပြီး သင်္ဘောများ ပျက်စီးဆုံးရှုံးမှုကို လျော်ကြေးပေးမည်ဆိုသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်မှုသည် မီးလောင်ရာ လေပင့်သည့် ဥပမာ တစ်ခုဖြစ်ကြောင်း အီရန်က ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဒေသတွင်းရှိ သင်္ဘောများ၊ ကုန်စည်များ သို့မဟုတ် ယင်းတို့နှင့် ဆက်စပ်မှုရှိသည့် မည်သည့် ပျက်စီးဆုံးရှုံးမှုကိုမဆို လျော်ကြေးပေးရန်အတွက် အမေရိကန်၏ လက်ဝယ်တွင်ရှိပြီး ထိန်းချုပ်ခံထားရသည့် အီရန်၏ ပိုင်ဆိုင်မှုများကို စတင်အသုံးပြုသွားမည်ဟု ထရန့်က ပြောကြားခဲ့သည်။

- အမေရိကန်၏ တိုက်ခိုက်မှုအသစ်များ

အမေရိကန် စစ်တပ်သည် အီရန်ကို ၁၃ ညဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများသည် သင်္ဘောများကို တိုက်ခိုက်နိုင်သည့် အီရန်၏ စွမ်းဆောင်ရည်ကို လျှော့ချရန် အီရန်၏စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဦးတည်ထားခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

- ကူဝိတ်နိုင်ငံ တိုက်ခိုက်ခံရ

အီရတ် နယ်စပ်ဂိတ်တွင် ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာတွင် ကူဝိတ် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က အီရန်၏ ဒုံးကျည်များနှင့် ဒရုန်းများကို ကြားဖြတ်ပစ်ခတ်ခဲ့ကြောင်း ကူဝိတ် စစ်ဦးစီးချုပ်ရုံးက လူမှုမီဒီယာတွင် ပို့စ်တင်ခဲ့သည်။

- ထရန့် ပြစ်တင်ဝေဖန်ခံရ

အရှေ့အလယ်ပိုင်း စစ်ပွဲ အရှိန်မြင့်လာချိန်တွင် အမေရိကန် အောက်လွှတ်တော်သည် သမ္မတ ဒေါ်နယ်ထရန့်အား အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများကို ရပ်တန့်ရန် တောင်းဆိုသည့် အလွတ်သဘောဆောင်သော ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် လွှတ်တော်က အီရန်စစ်ပွဲကို အတိအလင်း ခွင့်ပြုချက်မပေးသရွေ့ အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခများအတွင်းမှ အမေရိကန် တပ်ဖွဲ့များကို ရုပ်သိမ်းရန် ထရမ့်အား ညွှန်ကြားထားသည်။

- ဟူသီတို့၏ တိုက်ခိုက်မှုများ တရားမဝင်ကြောင်း အီးယူရှုတ်ချ

ပင်လယ်နီအတွင်း ရေနံတင်သင်္ဘောများကို တိုက်ခိုက်သည့် ယီမင်နိုင်ငံရှိ တိုက်ခိုက်မှုမျာသည် လက်ခံနိုင်စရာမရှိဘဲ တရားမဝင်ကြောင်း ဥရောပသမဂ္ဂ၏ ထိပ်သီးသံတမန် ကာဂျာ ကဲလက်စ်က ပြောကြားခဲ့ပြီး ဂျာမနီနှင့် ဗြိတိန်တို့ကလည်း ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကို ရှုတ်ချခဲ့သည်။

- ကုလအတွင်းရေးမှူးချုပ်၏ သတိပေးချက်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က အရှေ့အလယ်ပိုင်း ပဋိပက္ခသည် ထိန်းချုပ်မရနိုင်အောင် ဖြစ်လာကြောင်း သတိပေးခဲ့သည်။

- ဗြိတိန်က အီရန်ရှိ သံရုံးဝန်ထမ်းများကို ပြန်လည်ရုပ်သိမ်း

ဗြိတိန်အစိုးရသည် အီရန်နိုင်ငံတွင် ကျန်ရှိနေသည့် ၎င်း၏ သံရုံးဝန်ထမ်းများကို လုံခြုံရေးအခြေအနေကြောင့် ယာယီရုပ်သိမ်းခဲ့ကြောင်းပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent