ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) မန္တလေးတိုင်းရုံးဖွင့်လှစ်

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) မန္တလေးတိုင်းရုံးဖွင့်လှစ်
Published 12 July 2026

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) မန္တလေးတိုင်းရုံးဖွင့်လှစ်

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) မန္တလေးတိုင်းရုံးဖွင့်ပွဲကို  ပြည်ကြီးတံခွန်မြို့နယ်၊ ၅၁ဘီလမ်းနှင့်၁၂၂လမ်း၊ သင်ပန်းကုန်းရပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ကျားဖြူပါတီအနေနဲ့ မန္တလေးတိုင်းကို ရောက်တာတစ်နှစ်ခွဲရှိပါပြီ။ မန္တလေးတိုင်းရုံးအရင်က ဖွင့်လှစ်ပြီးဖြစ်ပေမယ့် နေရာအခက်အခဲကြောင့် အတည်တကျဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ  ယခုမှရုံးဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ ပြည်သူ့အကျိုးကို သယ်ပိုးချင်လို့ လွှတ်တော်ထဲဝင်ရောက်လာတာဖြစ်ပြီး လွှတ်တော်ပြင်ပမှာလည်း ပြည်သူ့အကျိုးစီးပွားအတွက် အတတ်နိုင်ဆုံး များစွာဆောင်ရွက်နေပါတယ်။လတ်တလောဆိုရင် ပြည်သူတွေအခက်အခဲဖြစ်နေတဲ့ လဝက ကိစ္စရပ်တွေ၊ မှတ်ပုံတင်ကိစ္စလေးတွေ၊ မွေးတိုးလိုကိစ္စရပ် စတာတွေဆောင်ရွက်ပေးတာကြောင့် ပြည်သူတွေအနေနဲ့များစွာ အားကိုးလာကြပါတယ်။တိုင်းနဲ့ပြည်နယ်အသီးသီးအပါအဝင် ရှမ်းပြည်နယ်ကပါ လာရောက်ဆက်သွယ်အကူညီတောင်းလာကြလို့ ကူညီပေးနေပါတယ်" ဟု မန္တလေးတိုင်းဥက္ကဌ ဦးညိုဇေယျက ပြောကြားခဲ့သည်။

ရုံးဖွင့်ပွဲကို တိုင်းရင်းသားစည်းလုံညီညွတ်ရေးပါတီ၊ တောင်သူလယ်သမားပါတီ၊ ဝံသာနုဒီမိုကရက်တီပါတီ၊လူမှုစီးပွားဖွံ့ဖြိုးရေးပါတီ၊ပြည်သူရှေ့ဆောင်ပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ စသည့် ပါတီများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 ကျားဖြူပါတီသည် ယခုနှစ်မှစတင်ပြီး  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့်ပါတီဖြစ်ရာ မန္တလေးတိုင်း၂၈ မြို့နယ်အနက် ၂၄မြို့နယ်တွင် ရုံးခန်းဖွင့်လှစ်ထားရှိထားကြောင်း၊ ကျားဖြူပါတီအနေဖြင့် ရွေးကောက်ပွဲတွင် တတိယနေရာဖြင့်  ၃ရနေရာ အနိုင်ရရှိထားပြီး၊ မန္တလေးတိုင်းလွှတ်တော်တွင် ၁ဦး၊ စစ်ကိုင်းတိုင်းလွှတ်တော်တွင် ၃ဦး ရရှိထားကြောင်း သိရသည်။

Most Read

Most Recent