■ ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဖဂန်တွင် လူပေါင်းများစွာ သေဆုံး

■ ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဖဂန်တွင် လူပေါင်းများစွာ သေဆုံး
Published 29 June 2026

ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း အေအက်အ်ပီသတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန်အစိုးရက ၎င်းတို့အနေဖြင့် အကြမ်းဖက်သမားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သော်လည်း အာဖဂန်အစိုးရကမူ အရပ်သားများ သေကြေဒဏ်ရာရမှုရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုတိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်တွင် အာဖဂန်၌ တာလီဘန်အစိုးရ အာဏာရရှိလာကတည်းက ဆက်ဆံရေးတင်းမာနေခဲ့သည့် အိမ်နီးချင်းနှစ်နိုင်ငံကြား နောက်ဆုံးပေါ်ပေါက်လာသော တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်သည်။

အာဖဂန်အာဏာပိုင်များက ၎င်းတို့၏ပိုင်နက်အတွင်း အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထားခြင်းမရှိကြောင်း ထပ်တလဲလဲ ငြင်းဆိုထားသော်လည်း ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးဌာနကမူ ကရာချီမြို့တွင် ဇွန် ၂၈ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု စွပ်စွဲထားသော အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမား ၂၅ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

တာလီဘန်အစိုးရကမူ ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရှေ့ပိုင်းပြည်နယ် သုံးခုကို ထိမှန်ခဲ့ပြီး အရပ်သား ၃၆ ဦး သေဆုံးကာ ၁၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆင်ရေးတွင် နယ်စပ်ဒေသများ၌ ခြေလျင်တပ်ဖွဲ့များဖြင့် မြေပြင်စစ်ဆင်ရေး ဆင်နွှဲခြင်းများလည်း ပါဝင်ပြီး တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့မှ ခွဲထွက်သွားသည့် Jamaat-ul-Ahrar အကြမ်းဖက်အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

■ Ref:AFP 

#elevennews #ပါကစ္စတန်  #အာဖဂန်နစ္စတန် #လေကြောင်းတိုက်ခိုက် #သေဆုံး

 

Most Read

Most Recent