ဖိလစ်ပိုင်တွင် စာသင်ကျောင်းတစ်ကျောင်း၌ ပစ်ခတ်မှုဖြစ်ပွားပြီး လူသုံးဦးသေဆုံး

ဖိလစ်ပိုင်တွင် စာသင်ကျောင်းတစ်ကျောင်း၌ ပစ်ခတ်မှုဖြစ်ပွားပြီး လူသုံးဦးသေဆုံး
Published 22 June 2026

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် ဇွန် ၂၂ ရက်က စာသင်ကျောင်းတစ်ကျောင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လေတေးပြည်နယ် တက်ကလိုဘန်မြို့ရှိ ဆန်ဟိုဆေး အမျိုးသားအထက်တန်းကျောင်းတွင် ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သော အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကျူးလွန်သည့်အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

"ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးဖို့ အနီးနားမှာရှိတဲ့ ဆေးရုံဆေးခန်းတွေကို ချက်ချင်း ပို့ဆောင်ပေးခဲ့ပါတယ်" ဟု ဒေသဆိုင်ရာရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးရမိထားသည့် သံသယရှိသူ နှစ်ဦးစလုံးမှာ ကျောင်းသားများဖြစ်ကြပြီး ၎င်းတို့အနက် တစ်ဦးကိုအခင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် PTV ရုပ်သံလိုင်းက ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကျောင်းတွင်းပစ်ခတ်မှု ဖြစ်စဉ်မျိုးသည် အလွန်ရှားပါးသော်လည်း နိုင်ငံရေးသမားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် အမြဲလိုလို ဖြစ်ပွားလေ့ရှိသည်။

Ref:AFP ,Photo- SCMP

Most Read

Most Recent