နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေလျှံမှုကြောင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်ပွား

နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေလျှံမှုကြောင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်ပွား
Published 20 June 2026

နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေလျှံမှုကြောင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ ဇွန် ၂၀ ရက်က ညနေပိုင်းက ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဇွန် ၂၀ ရက် ညနေ  ၄ နာရီ ၁၅ မိနစ်ခန့်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေလျှံမှုကြောင့် ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အလယ်ရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါရေဝင်ရောက်ရာနေရာသို့ မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ Speed Boad တစ်စီး၊ ရာဘာလှေတစ်စီး၊ Fiber လှေ နှစ်စီး၊  သစ်သားလှေ သုံးစီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ အိမ်ထောင်စုများအား ရေဘေးလွှတ်ရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent