■ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြခြင်းအခမ်းအနား ပြုလုပ်

■ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြခြင်းအခမ်းအနား ပြုလုပ်
Published 20 June 2026

ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြခြင်းအခမ်းအနားအား ဇွန် ၂၀ ရက်က ပြုလုပ်ခဲ့သည်။

ဇွန် ၂၀ ရက် နံနက် ၉ နာရီမှ စတင်ကာ ဗဟန်းမြို့နယ် ကန်တော်ကြီးသဘာဝရေကန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန (သန်လျင်ခရိုင်၊ မီးသတ်ဦးစီးမှူး) မှ လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်လွင်ဦးက "ဒီနေ့က ရေပြင်ရှာဖွေရေး၊ ကယ်ဆယ်ရေးနဲ့ မီးငြှိမ်းသတ်ရေးအတွက် စွမ်းရည်သရုပ်ပြ အခမ်းအနားပါ။ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင် စုစုပေါင်း ငါးရာဝန်းကျင်လောက် ပါဝင်ပါတယ်"ဟု ပြောကြားသည်။

 ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်လေ့ကျင့်မှုအား ဇွန် ၁၅ ရက်မှစတင်ကာ လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ရှိုင်းလင်းထက်၊ ပိုင်စိုးသူ

 

Most Read

Most Recent