■ ရွှေညောင်မြို့တွင် တရားမဝင် စက်ဆုံးဆီ ရောင်းချသော နေအိမ်ကို စစ်ဆေးကာ ဖမ်းဆီး အရေးယူ

■ ရွှေညောင်မြို့တွင် တရားမဝင် စက်ဆုံးဆီ ရောင်းချသော နေအိမ်ကို စစ်ဆေးကာ ဖမ်းဆီး အရေးယူ
Published 8 June 2026

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် တရားမဝင် စက်ဆုံးဆီ ရောင်းချသော နေအိမ်ကို စစ်ဆေးကာ ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် (ဇွန်လ-၈)ရက်နေ့ ညနေ (၃) နာရီ (၂၀) မိနစ် အချိန်ခန့်က  ရပ်ကွက်အတွင်း လူနေ အိမ်တွင် တ ရားမဝင် စက်သုံးဆီရောင်းချနေသောကြောင့် ရွှေညောင်နယ်မြေခံရဲစ ခန်းမှ သွားရောက်စစ်ဆေးဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရသည် ။

ရွှေညောင်မြို့ သုခချမ်းသာရပ်ကွက် ၊ နယ်မြေ (၁) ၊ အိမ်အမှတ် (၅၂) ဒေါ်ချိုချိုသဲ (ဘ) ဦးဘသန်း၏ နေအိမ်တွင် စက်သုံးဆီများရောင်းချနေကြောင်း သတင်းအရ ရွှေညောင်နယ် မြေခံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ၊ ရွှေညောင်မြို့ မီးသတ်ဦးစီးဌာန ၊ ရေနံကြီးကြပ်ရေးဦးစီးဌာနနှင့် သုခချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ ပါဝင်လိုက်ပါပြီးသွားရောက်စစ်ဆေးခဲ့ရာတွင် ဒေါ်ချိုချိုသဲသည် ရွှေညောင်မြို့ လှိုင်ဘုံသာရပ်ကွက်တွင် တရားမဝင်စက်သုံးဆီ စက်သုံးဆီများကို ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည် ။ 

ထိုကြောင့် တရားဝင်စက်သုံးဆီရောင်းချလုပ် ကိုင်ခွင့်လိုင်စင်ရှိသည့် နေရာတွင် စက်သုံးဆီမရောင်းချဘဲ ရပ်ကွက်အတွင်း၌ တရားမဝင် စက်သုံးဆီရောင်းချသောကြောင့် လူနေအိမ်တွင် စက်သုံးဆီများရောင်းချနေသော သက်သေခံဖြစ်သည့် ဓါတ်ဆီ(၃)လီတာခန့်ရှိ ရေသန့်ဘူးအလတ် (၄)ဘူး ကာလတန်ဖိုး  (၁)လီတာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် (၁၅၀၀၀)ကျပ် ၊ ဓါတ်ဆီ(၆)လီတာခန့်ရှိ ရေသန့်ဘူးအကြီး (၄)ဘူး ကာလတန်ဖိုး (၁) လီတာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် (၃၀၀၀၀)ကျပ် ၊ ပလပ်စတစ်အစိမ်းရောင်ဗူးဖြင့် ထည့်ထားသည့် ဓါတ်ဆီ(၅)ဂါလံခန့်ရှိ ပုံး(၁)ပုံး ကာလတန်ဖိုး (၁) လီတာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် (၁၀၀၀၀၀) ကျပ် ၊ ဒီဇယ်(၅)ဂါလံခန့်ရှိ အဝါရောင်ပလပ်စတစ်ပုံး(၁)ပုံး ကာလတန်ဖိုး (၁)လီတာလျှင် (၄၂၀၀)ကျပ်နှုန်းဖြင့် (၈၄၀၀၀) ကျပ် ၊ ဓါတ်ဆီရောင်းချရာတွင်အသုံးပြုသည့် ဆီစစ်ကန်တော့ (၁)ခု ၊ ဓါတ်ဆီရောင်းချရာတွင် အသုံးပြုသည့် ဆီချိန်ဂါလံခွက်(၁)ခု ၊ ဓါတ်ဆီထုတ်ယူရာတွင် အ သုံးပြုသည့် ဘုံပိုင်(၁)တိုကို အသိသက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး တရားမဝင် စက်သုံးဆီ ဓါတ်ဆီများအားလုပ်ငန်း လိုင်စင်မရှိဘဲ သိုလှောင်/ ဖြန်ဖြူး/ ရောင်းချရန် လုပ်ကိုင်ဆောင်ရွက်သူ ဒေါ်ချိုချိုသဲအား(ပ)၈၅ / ၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် ညနေ (၅း၃၀) နာရီအချိန်တွင် အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်းသိရှိရပါ သည် ။

■ ဓာတ်ပုံ - Credit

Most Read

Most Recent