■ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်မှုအပေါ် တရုတ်သမ္မတရှီ အလွန်ပျော်ရွှင်နေကြောင်း ထရန့်ပြောကြား

■ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်မှုအပေါ် တရုတ်သမ္မတရှီ အလွန်ပျော်ရွှင်နေကြောင်း ထရန့်ပြောကြား
Published 18 April 2026

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဟော်မုဇ်ရေလက်ကြား၏ အခြေအနေနှင့်ပတ်သက်၍ အလွန်ဝမ်းမြောက်နေကြောင်းနှင့် တရုတ်နိုင်ငံတွင် ၎င်းတို့နှစ်ဦး တွေ့ဆုံနိုင်ရန် မျှော်လင့်စောင့်စားနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဧပြီ ၁၇ ရက်တွင် ပြောကြားသည်။

"သမ္မတ ရှီဟာ ဟော်မုဇ်ရေလက်ကြား ပွင့်နေတာ ဒါမှမဟုတ် လျင်မြန်စွာ ပွင့်လာနေတာအတွက် အလွန်ဝမ်းမြောက်နေပါတယ်" ဟု ထရန့်က Truth Social တွင် ရေးသားခဲ့သည်။

 "တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် ကျွန်တော်တို့ရဲ့တွေ့ဆုံပွဲဟာ ထူးခြားတဲ့တွေ့ဆုံပွဲတစ်ခုဖြစ်လာမှာဖြစ်ပြီး သမိုင်းဝင်လည်း ဖြစ်လာနိုင်ပါတယ်။ သမ္မတ ရှီနဲ့အတူ တွေ့ဆုံဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။ အောင်မြင်မှုတွေ အများကြီးရရှိလာမှာပါ!" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အီရန်ကမူ အမေရိကန်အနေဖြင့် အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို နောက်တစ်ကြိမ် ထပ်မံပိတ်ဆို့မည်ဟု ယနေ့ (ဧပြီ ၁၈ ရက်) တွင် သတိပေးထားသည်။

Ref: Reuters

Most Read

Most Recent